Monday, February 9, 2026

ယခုနှစ်တွင် JLPT စာမေးပွဲ ထပ်တိုးစည်းကမ်းချက်များ...

စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှုများလည်း ပါဝင် ၂၀၂၆ ခုနှစ် JLPT စာမေးပွဲ၏ စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှု အပါအဝင် ထပ်တိုးစည်းကမ်းချက်နှင့် ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်း ရုံးချုပ်မှ...

အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝဝန်းကျင် ဂေဟစနစ်မပျ-က်သုဉ်းစေရေး...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် မတိမ်ကောစေ‌ရေးနှင့် သဘာဝဝန်းကျင် ဂေဟစနစ်မပျ-က်သုဉ်းစေရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တိုက်တွန်းပြောကြားခဲ့သည်။ ထို့ကြောင့် အင်းလေးကန်မတိမ်ကောစေရန်...

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)...

ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့်...

EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့ ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power...
HomeCelebrities' Newsရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Crash...

ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Crash Landing On You မှ Son Ye-Jin

ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Crash Landing On You မှ Son Ye-Jin

နာမည်ကြီး ဒရာမာစီးရီး Crash Landing On You ရိုက်ကူးပြီးနောက်ပိုင်း ချစ်သူစုံတွဲများဖြစ်လာကာ မတ်လ ၃၁ ရက်နေ့၌ လက်ထက်ထိမ်းမြှားခဲ့ကြသော Son Ye-jin နှင့် Hyun Bin တို့သည် ၎င်းတို့တွင် ရင်သွေးဦးလေးအား လွယ်ထားရပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။

အသက် ၄၀ အရွယ် Sonသည် ဇွန်လ ၂၇ ရက် တနင်္လာနေ့က အင်စတာဂရမ်ပေါ်တွင် ပို့စ်တစ်ခုရေးသားကာ ပရိတ်သတ်များအား မျှဝေခဲ့ကြသည်။

အဆိုပါပို့စ်၌ Sonက”ဒီနေ့ ဝမ်းသာစရာ သတင်းလေးတစ်ခုကို အားလုံးနဲ့ မျှဝေချင်ပါတယ်။ အဲဒါက Hyunနဲ့ကျွန်မတို့ကြား မိသားစုဝင်အသစ်ရောက်လာတော့မယ် ဆိုတာပါပဲ။ အခုထိ ကိုယ်ဝန်ရတာ တကယ်လားဆိုတာကို မယုံနိုင်သေးပေမယ့် ဗိုက်ထဲက ရင်သွေးလေး တစ်နေ့ပြီးတစ်နေ့ ကြီးထွားလာတာကို စိုးရိမ်ပူပင်မှုတွေရော ပျော်ရွှင်ဝမ်းသာမှု​တွေနဲ့ပါအတူ ဖြတ်ကျော်နေပါတယ်။ ကျွန်မအရမ်းပျော်ရွှင်ဝမ်းသာနေပေမယ့် ရင်သွေးလေးကို ဂရုစိုက်နေရတာကြောင့် ဘယ်သူကိုမှ မပြောပြနိုင်ခဲ့တာပါ။ အဲဒါကြောင့် အရမ်းနောက်မကျခင် ဒီသတင်းကို ကျွန်မတို့နဲ့ထပ်တူ စောင့်မျှော်နေတဲ့ ပရိသတ်ရော လုပ်ဖော်ကိုင်ဖက်များကို ပါ ပြောပြလိုက်ရခြင်း ဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။

Son နှင့် Hyun တို့သည် ၂၀၁၈ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုဇာတ်လမ်း The Negotiation မှာ ပထမဆုံးအကြိမ်အတူတူ သရုပ်ဆောင်ခဲ့ပြီး Crash Landing On You ဒရာမာစီးရီး၌လည်း အတူတူ ထပ်မံသရုပ်ဆောင်ခဲ့ကြကာ ၎င်းစီးရီးနှင့်အတူ လူသိများကျော်ကြားလာခဲ့သည်။

အဆိုပါ ဒရာမာစီးရီး ပြီးဆုံးပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးတွဲနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီး ယခုနှစ်အစောပိုင်း မတ်လ၌လက်ထပ်မင်္လာကို သီးသန့်ဧည့်သည်​တော်များဖြင့်သာ အကျဥ်းချုံးအခမ်းအနားကျင်းပခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုနှစ်တွင် JLPT စာမေးပွဲ ထပ်တိုးစည်းကမ်းချက်များ ကြိုတင်အသိပေး

စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှုများလည်း ပါဝင် ၂၀၂၆ ခုနှစ် JLPT စာမေးပွဲ၏ စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှု အပါအဝင် ထပ်တိုးစည်းကမ်းချက်နှင့် ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်း ရုံးချုပ်မှ အကြောင်းကြားချက်အရ ကြိုတင်အသိပေးခြင်း ကို ယနေ့ ဖေဖေါ်ဝါရီ ၉ ရက်နေ့ ၌ MAJA (မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း) JLPT စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။ ဇူလိုင်လ တွင် ဖြေဆိုမည့် JLPT စာမေးပွဲ တွင် စာဖြေသူများ အာလုံး စာဖြေခန်းထဲသို့ရောက်ရှိရမည့် "Check-in Time" အချိန်အား N1, N2...

အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝဝန်းကျင် ဂေဟစနစ်မပျ-က်သုဉ်းစေရေး လုပ်ဆောင်ရန် လိုအပ်ဟု ဆည်မြောင်းဝန်ကြီး တိုက်တွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် မတိမ်ကောစေ‌ရေးနှင့် သဘာဝဝန်းကျင် ဂေဟစနစ်မပျ-က်သုဉ်းစေရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တိုက်တွန်းပြောကြားခဲ့သည်။ ထို့ကြောင့် အင်းလေးကန်မတိမ်ကောစေရန် ကန်ရေပြင်ကျယ်အတွင်းနှင့် စက်လှေရေလမ်းကြောင်းတစ်လျှောက် ဗေဒါများ၊ ကျွန်းမျောဟောင်းများ ဆယ်ယူရေးဆောင်ရွက်ရမည့် လုပ်ငန်းများကို အစဉ်တစိုက်ပြုလုပ်ကြရန် မှာကြားခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီ (၈)ရက် ကလောအင်း‌လေးခရီးစဉ်အတွင်း သက်ဆိုင်ရာဒေသတွင်းတာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အင်းလေးကန် မြောက်ဘက်မှ တစ်နှစ်ပတ်လုံးစီးဝင်လျက်ရှိသည့် နမ့်လတ်ချောင်းအား အုတ်ဖိုရွာအနီးတွင် ကျောက်စီရေလွှဲဆည် တည်ဆောက်ရေလွှဲယူ၍ နုန်းစစ်အနည်ထိုင်စေခြင်းဖြင့် အင်းလေးကန်အတွင်း နုန်းများတိုက်ရိုက် ဝင်ရောက်မှုမှကာကွယ်ရန်...

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) နှင့် ၎င်း၏ မိတ်ဖက် ဂျပန်အင်နိုဗေးရှင်းပါတီတို့သည် လွှတ်တော်ကို လွှမ်းမိုးနိုင်ရန်လိုအပ်သော အကန့်အသတ်ကို ကျော်လွန်ခဲ့ပြီး မဲရုံများပိတ်ပြီးနောက် နှစ်နာရီနီးပါးအကြာမှာပင် အယ်လ်ဒီပီတစ်ခုတည်းက အမတ်အများစုနေရာထိန်းချုပ်မှုကို ပြန်လည်ရရှိခဲ့သည်။ အောက်တိုဘာလတွင် တာကာအိချီ ရာထူးတာဝန်ယူချိန်တွင် ၎င်း၏ ညွန့်ပေါင်းမိတ်ဖက် ကိုမီအီတို နုတ်ထွက်သွားခဲ့သောကြောင့် အယ်လ်ဒီပီသည် အောက်လွှတ်တော်ကို ဦးဆောင်ရန် ရုန်းကန်ခဲ့ရသည်။ တာကာအိချီ၏ အယ်လ်ဒီပီပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071