ရင်ဂိုက သူ့ရဲ့စီးရီးသစ် “စနေနေ့ စနေည” ကို ထွက်ရှိပြီး နောက်မှာတော့ စာအုပ်သစ်တစ်အုပ်ထွက်ရှိဖို့ စာတွေရေးသားနေတယ်လို့ သိရပါတယ်။ ရင်ဂိုက ၂ဝ၁၅ခုနှစ်အတွင်းမှာလည်း “အဖေ့ဘွတ်ခ်” ဆိုတဲ့ ဆောင်းပါး ပေါင်းချုပ်စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပြီး သူ့ဘဝအတွေ့အကြုံတွေကို ပြန်လည်ရေးသားမျှဝေထားတဲ့ စာအုပ် ဖြစ်ပါတယ်။
” ကျွန်တော်က စာတအား ရေးတတ်လို့တော့ မဟုတ်ဘူး။ စကားပြောရင် ဝတ္ထုတိုဖြစ်တယ်ဆိုတာလေးကို ကိုသုမောင်ရဲ့ “စကားမစပ်” ဆိုတဲ့ စာအုပ်လေးက တစ်ဆင့် စိတ်ကူးမိပြီးရေးဖြစ်တာပါ။ အခု ထပ်ရေးထားတာတွေလည်း ရှိပါတယ်။ ကျွန်တော့်စီး ရီးသစ်လေးလည်းထွက်ပြီးပြီဆိုတော့ စာလေးတွေ ထိုင်ရေးဖို့ရှိတယ်။ ကိုယ်တွေ့လာတဲ့ အကြောင်းလေးတွေ ရေးချင်တယ်။ တကူးတကကြီးတော့ မရေး တတ်ပါဘူး။ တွေ့လာမြင်လာတာလေးတွေရှိမှ ရေးချင်စိတ်လေး ပေါ်မှ ရေးတတ်သလိုရေးတာပါ။ ကြိုးတော့ကြိုး စားဦးမယ်။ ကိုယ့်လူ့ဘဝမှာ နေရတုန်းလေးမှာ ဒါလေး တွေကို အမှတ်တရအနေနဲ့ ရေးသွားခဲ့ချင်တယ်” လို့ ရင်ဂိုက ပြောပြခဲ့ပါတယ်။
ရဲရဲ