ရခိုင်ဝန်ကြီးချုပ်ဟောင်း၏ အယူခံပယ်ချခံရ
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅-ခဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂နှစ်ပြစ်ဒဏ်နှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ အယူခံကို ခရိုင်တရားရုံးက ပယ်ချလိုက်သည်။
စစ်တွေတရားရုံးက ဦးညီပုကို နိုဝင်ဘာ ၈ရက်နေ့က ချမှတ်လိုက်သည့် အမှုပြစ်ဒဏ်နှင့် စပ်လျဉ်းပြီး အယူခံတက်ခြင်းဖြစ်သည်။
ဦးညီပု၏ အယူခံပယ်ချလိုက်သည့် အတွက် ရှေ့နေများက ပြည်နယ်တရားလွှတ်တော်အထိ တက်ရန်စီစဉ်နေသည်ဟု ပြောသည်။
“နိုဝင်ဘာ ၂၂ရက်မှာ ပယ်ချလိုက်တာပါ။ပြည်နယ်လွှတ်တော်အထိ ဆက်တက်ဖို့ရှိပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဖေဖော်ဝါရီ ၁ရက်က ခေတ္တထိန်းသိမ်းခဲ့ပြီး ပြန်လွတ်ပေးပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြန်ဖမ်းခဲ့သည်။
Zaw Gyi
ရခိုင္ဝန္ႀကီးခ်ဳပ္ေဟာင္း၏ အယူခံပယ္ခ်ခံရ
နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွု ပုဒ္မ၅၀၅-ချဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ႏွစ္ျပစ္ဒဏ္ႏွင့္ စပ္လ်ဥ္းၿပီး ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပု၏ အယူခံကို ခရိုင္တရား႐ုံးက ပယ္ခ်လိုက္သည္။
စစ္ေတြတရား႐ုံးက ဦးညီပုကို နိုဝင္ဘာ ၈ရက္ေန႔က ခ်မွတ္လိုက္သည့္ အမွုျပစ္ဒဏ္ႏွင့္ စပ္လ်ဥ္းၿပီး အယူခံတက္ျခင္းျဖစ္သည္။
ဦးညီပု၏ အယူခံပယ္ခ်လိုက္သည့္ အတြက္ ေရွ႕ေနမ်ားက ျပည္နယ္တရားလႊတ္ေတာ္အထိ တက္ရန္စီစဥ္ေနသည္ဟု ေျပာသည္။
“နိုဝင္ဘာ ၂၂ရက္မွာ ပယ္ခ်လိုက္တာပါ။ျပည္နယ္လႊတ္ေတာ္အထိ ဆက္တက္ဖို႔ရွိပါတယ္”ဟု ေျပာသည္။
ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုကို ေဖေဖာ္ဝါရီ ၁ရက္က ေခတၱထိန္းသိမ္းခဲ့ၿပီး ျပန္လြတ္ေပးၿပီးေနာက္ ေဖေဖာ္ဝါရီ ၁၀ ရက္တြင္ ျပန္ဖမ္းခဲ့သည္။