Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeNewsLocal Newsရခိုင်ပြည်သူများ ကျီးလန့်စာစား အခြေအနေမျိုးရောက်နေဟု...

ရခိုင်ပြည်သူများ ကျီးလန့်စာစား အခြေအနေမျိုးရောက်နေဟု ဒေါက်တာ အေးမောင်ပြော

ရခိုင်ပြည်သူများ ကျီးလန့်စာစား အခြေအနေမျိုးရောက်နေဟု ဒေါက်တာ အေးမောင်ပြော

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့အကြား စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေပြီး ပြည်သူလူထုအနေဖြင့် ကျီးလန့်စာစားဘဝသို့ ရောက်နေကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောကြားလိုက်သည်။

” လက်ရှိ အခင်းအကျင်းသည် ကျီးလန့်စာစား ဖြစ်နေတယ်။ အုပ်ချုပ်ရေး ယန္တရားနှစ်ခုရဲ့အရွှေ့ဟာ တော် တော် ကြမ်းတယ်ပေါ့ဗျာ။ လက်ရှိအနေအထားက သူကဖမ်းလိုက် ကိုယ်က စီစစ်လိုက်ပေါ့ဗျာ။ ဖမ်းလိုက် တရားစွဲလိုက်ပေါ့။ ခံရတဲ့သူကတော့ သိသာတာပေါ့ဗျာ “ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က စစ်ရေးအရ တပ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်လာသည့်နောက်ပိုင်း AA နှင့် တပ်မတော်အကြား စစ်ရေး တင်းမာမှုများ ဖြစ် လာကာ ဖမ်းဆီးမှုများ၊ စစ်ဆေးမှုများနှင့် ပစ်ခတ်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာသည့်အပေါ် ဒေသခံများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်နေခြင်းဖြစ်သည်။

ဇွန်လ (၂၃) ရက်က စစ်တွေမြို့ပေါ်တွင် ‌ရေတပ်မှ(၃)ပွင့်နှင့် အရာရှိ တစ်ဦးအပါအဝင် တပ်သား တစ်ဦးကို AA က ဖမ်းဆီး ခေါ်ဆောင်သွားသည့်အပြင် ပြီးခဲ့သည့် ရက် ပိုင်းများအတွင်းကလည်း မြောက်ဦး၊ ကျောက်တော်၊ ပု ဏ္ဏားကျွန်းနှင့် ရမ်းဗြဲဖက်မှ စစ်သားတစ်ချို့နှင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။

ယင်းသို့ ဖမ်းဆီးသွားပြီးနောက်ပိုင်း တပ်မတော်က စစ်တွေမြို့ပေါ်တွင် ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်ကာ ညပိုင်းတွင် ပစ် ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

” အင်အားပြိုင်ကြတာပေါ့ဗျာ။ မြို့ပေါ်မှာတောင် လာဖမ်းရသလားဆိုတဲ့ ရာဇ အိန္ဒြေပေါ့။ ကျေးလက်မှာ ဖြစ်တာမဟုတ်ဘူးလေ။ အုပ်ချုပ်ရေး တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ ဖမ်းတာဆီးတာ လုပ်လာတဲ့အခါကျတော့ သူတို့ဘက်က ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီးတော့ မြို့ပေါ်မှာ ရှိတဲ့ လူငယ်လူရွယ်တွေကို ဖမ်းတာဆီးတာ လုပ်လာတာပေါ့” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း စစ်တွေမြို့မှပြေး ဆွဲနေသည့် ရေကြောင်းလိုင်း ခရီးစဥ်အချို့နှင့် အဝေးပြေးယာဉ်လိုင်းအချို့ကိုလည်း ယနေ့ ဇွန်လ ၂၄ ရက်နေ့မှစကာ တပ်မတော်မှ သွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း ဒေ သခံများထံမှ သိရသည်။

” ကျွန်တော်ဆိုရင် ရန်ကုန်သွားမလို့လေ။ လေယျာဉ်လက် မှတ်တွေပါ စီစဉ်ထားတာ။ အခု ရွှေပြည်တန်က မထွက်ဘူးလေ။ မနက်ဖြန်လည်း မသေချာဘူးတဲ့။ စစ်တွေဖက်ကနေ ဒီဖက်ကို မထွက်ရဘူး။ စစ်တွေဖက်က မလာတော့ ကျွန်တော်တို့ ဘက်ကလည်း သွားလို့မရဘူးပေါ့” ဟု မင်းပြားမြို့နယ်မှ ခရီးစဉ်ဖျက်လိုက်ရသည့် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်တွေမြို့မှ စာမေးပွဲပြီး၍ အိမ်ပြန်ကြမည့် တ က္ကသိုလ် ကျောင်းသားများလည်း လက်ရှိတွင် အိမ်ပြန်ခွင့်မရဘဲ စစ်တွေမြို့တွင်သာ ပိတ်မိနေသေးကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်မှ ဖမ်း ဆီးထားသည့် ရခိုင် ဒေသခံများကို ပြန်လွတ်ပေးပါက AA အနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဟု ပြောကြားထားသော်လည်း ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုကြသည်။ ထိုကိစ္စကိုAA ဘက်မှ တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း​တော့ မရှိသေးပေ။

Photo Credit -DMG

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071