Tuesday, December 30, 2025

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်မည့် နိုင်ငံရေးပါတီအချို့...

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်မည့် နိုင်ငံရေးပါတီများ ယမန်နေ့ ဒီဇင်ဘာ (၂၉)ရက်မှ စတင်၍ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ‌မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ...

နိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်...

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက  မြန်မာနိုင်ငံရွေးကောက်ပွဲကို လာရောက်လေ့လာခဲ့သည့် ရုရှားနိုင်ငံ၊...

နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက်...

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီ...

မဲဆန္ဒရှင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အသိပေး   ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံ၏ကောင်းသော...

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ကိုယ်စားလှယ်လောင်းများသည် လွှတ်...
HomeNewsLocal Newsရခိုင်ပြည်နယ် မြို့နယ် (၃)...

ရခိုင်ပြည်နယ် မြို့နယ် (၃) ခုတွင် မဲရုံပေါင်း (၁၀၀) ကျော် ဖွင့်လှစ်နိုင်ခဲ့

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈) ရက်၌ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်၌ မဲရုံပေါင်း (၁၆၄ ရုံ) ဖွင့်လှစ်နိုင်ခဲ့သည်။

အဆိုပါ မဲရုံပေါင်း (၁၆၄)ရုံကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောသည်။

သို့သော် စစ်တွေမြို့နယ်၌ မြို့ပေါ်ရှိ ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၁၇) ခုနှင့် ကျောက်ဖြူမြို့နယ်၌ စနဲမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စု၌ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

လက်ရှိ၌ ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် ရခိုင်တိုင်းရင်း သားများပါတီ (RNP) ခေါင်းဆောင် ဦးဘရှိန်တို့ နှစ်ဦးလုံး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ယ်စားလှယ်များကို မဲရလဒ်မကျော်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ဆက်လက်၍ ရွေးကောက်ပွဲဒုတိယပိုင်း အပိုင်း(၂)ကို၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နှင့် အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်၌ ကျင်းပသွားမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်မည့် နိုင်ငံရေးပါတီအချို့ စတင်မဲဆွယ်စည်းရုံး

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်မည့် နိုင်ငံရေးပါတီများ ယမန်နေ့ ဒီဇင်ဘာ (၂၉)ရက်မှ စတင်၍ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ‌မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)ကို ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် လုပ်ဆောင်သွားရန်ကျန်ရှိနေသည်။ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁)ကို မြို့နယ် (၅)မြို့နယ်ဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၂)ကို လာမည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ (၁၁) ရက်နေ့တွင် မြို့နယ်ပေါင်း (၁၀၀)...

နိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော် ဒု-ဥက္ကဋ္ဌတို့တွေ့ဆုံ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ကိုဆွေးနွေး

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက  မြန်မာနိုင်ငံရွေးကောက်ပွဲကို လာရောက်လေ့လာခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌအနေဖြင့် မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခဲ့မှုကို နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူလေ့လာခဲ့မှု၊ မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်တက်ကြွစွာ ဆန္ဒမဲများပေးနေမှုကိုမျက်မြင်တွေ့ရှိခဲ့ရမှု၊ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိနေသည့်...

နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက် ပိတ်မည်

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီ ၄ ) ရက်အထိ တဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့ စနေနေ့ သည် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်တို့အကြား ကြားရက်ဖြစ်နေခြင်းခြင်း အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ (၃) ရက်နေ့အစား ဇန်နဝါရီ (၁၀) ရက်နေ့ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။ ဇန်နဝါရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071