Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsရခိုင်ပြည်နယ်တွင် သူနာပြု အကူများ...

ရခိုင်ပြည်နယ်တွင် သူနာပြု အကူများ မွေးထုတ်နိုင်ဖို့ ဒိန်းမတ်ကူညီ

(Unicode)

ရခိုင်ပြည်နယ်တွင် သူနာပြု အကူများ မွေးထုတ်နိုင်ဖို့ ဒိန်းမတ်ကူညီ

ရခိုင်ပြည်နယ်ရှိ ဒေသခံ လူထုအတွက် သူနာပြု အကူ သင်တန်းပေးနိုင်ရန် ဒိန်းမတ်နိုင်ငံက ပံ့ပိုးလျက်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ယနေ့ ဇန်နဝါရီ ၂၄ရက်တွင် ပြောဆိုသည်။

သံရုံးဘက်က ပံ့ပိုးမှုကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) မှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်သီသည့် ကျေးရွာများတွင် သက်ဆိုင်ရာ ဒေသလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ယနေ့အထိ သင်တန်းသား ၃၀ ဦးအား သင်တန်းပေးလျက်ရှိသည်ဟုလည်း သံရုံး၏ဖော်ပြချက်အရသိရသည်။

ပေးအပ်လျက်ရှိနေသော သင်တန်းများသည် ခြောက်လ ကြာမြင့်သည့် သင်တန်းဖြစ်ကာ စာ​တွေ့လေးလ နှင့် ပုဂ္ဂလိက ဆေးရုံ သို့မဟုတ် လူနာ ပြုစု စောင့်ရှောက်ရေး ဂေဟာများတွင် နှစ်လ အလုပ်သင် အဖြစ် လေ့လာသင်ယူရမည့် သင်တန်းများဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက လက်ရှိ ဆက်လက် ဖြစ်ပွားဆဲဖြစ်သည့် ကိုဗစ် ၁၉ ကပ်ရောဂါကို ကူညီ ကိုင်တွယ် ဖြေရှင်းရန်နှင့် ကျန်းမာရေးဌာနများ၊ ဆေးရုံ ဆေးခန်းများကို လက်လှမ်းမီရန် ခက်ခဲသည့် ဝေးလံဒေသမှ လူထုကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် သူနာပြု အကူများ မွေးထုတ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ရှင်းလင်းပြောဆိုထားသည်။

ဒိန်းမတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ် ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို လှူဒါန်းထားသည့် နိုင်ငံလည်းဖြစ်ကာ ဒိန်းမတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုက ကချင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရသော နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ ခန့်နှင့် အခြားထိခိုက်လွယ်သော မိသားစုဝင်များကို လစဉ် အသက်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောဆိုထားသည်။

ဓါတ်ပုံ-ဒိန်းမတ်သံရုံး

(Zawgyi)

ရခိုင္ျပည္နယ္တြင္ သူနာျပဳ အကူမ်ား ေမြးထုတ္ႏိုင္ဖို႔ ဒိန္းမတ္ကူညီ

ရခိုင္ျပည္နယ္ရွိ ေဒသခံ လူထုအတြက္ သူနာျပဳ အကူ သင္တန္းေပးႏိုင္ရန္ ဒိန္းမတ္ႏိုင္ငံက ပံ့ပိုးလ်က္ရွိေနသည္ဟု ျမန္မာႏိုင္ငံဆိုင္ရာဒိန္းမတ္သံ႐ုံးက ယေန႔ ဇန္နဝါရီ ၂၄ရက္တြင္ ေျပာဆိုသည္။

သံ႐ုံးဘက္က ပံ့ပိုးမႈကို ကြဲျပားျခားနားမႈႏွင့္ အမ်ိဳးသားေရး သဟဇာတ ျဖစ္မႈဆိုင္ရာ ေလ့လာေရးအဖြဲ႕ (CDNH) မွတစ္ဆင့္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ရခိုင္ျပည္နယ္ရွိ ေဝးလံေခါင္သီသည့္ ေက်း႐ြာမ်ားတြင္ သက္ဆိုင္ရာ ေဒသလူထုကို က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးႏိုင္ရန္ ယေန႔အထိ သင္တန္းသား ၃၀ ဦးအား သင္တန္းေပးလ်က္ရွိသည္ဟုလည္း သံ႐ုံး၏ေဖာ္ျပခ်က္အရသိရသည္။

ေပးအပ္လ်က္ရွိေနေသာ သင္တန္းမ်ားသည္ ေျခာက္လ ၾကာျမင့္သည့္ သင္တန္းျဖစ္ကာ စာ​ေတြ႕ေလးလ ႏွင့္ ပုဂၢလိက ေဆး႐ုံ သို႔မဟုတ္ လူနာ ျပဳစု ေစာင့္ေရွာက္ေရး ေဂဟာမ်ားတြင္ ႏွစ္လ အလုပ္သင္ အျဖစ္ ေလ့လာသင္ယူရမည့္ သင္တန္းမ်ားျဖစ္သည္။

ျမန္မာႏိုင္ငံဆိုင္ရာဒိန္းမတ္သံ႐ုံးက လက္ရွိ ဆက္လက္ ျဖစ္ပြားဆဲျဖစ္သည့္ ကိုဗစ္ ၁၉ ကပ္ေရာဂါကို ကူညီ ကိုင္တြယ္ ေျဖရွင္းရန္ႏွင့္ က်န္းမာေရးဌာနမ်ား၊ ေဆး႐ုံ ေဆးခန္းမ်ားကို လက္လွမ္းမီရန္ ခက္ခဲသည့္ ေဝးလံေဒသမွ လူထုကို အေျခခံ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ေပးႏိုင္ရန္ သူနာျပဳ အကူမ်ား ေမြးထုတ္ရန္ စီစဥ္ျခင္း ျဖစ္သည္ဟု ရွင္းလင္းေျပာဆိုထားသည္။

ဒိန္းမတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအတြင္း အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္ ဒိန္းမတ္ ခ႐ိုနာ ၂၅ သန္း (အေမရိကန္ေဒၚလာ ၃.၈ သန္း) ကို ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ကို လႉဒါန္းထားသည့္ ႏိုင္ငံလည္းျဖစ္ကာ ဒိန္းမတ္ႏိုင္ငံ၏ ပံ့ပိုးကူညီမႈက ကခ်င္၊ ခ်င္း၊ ရခိုင္ ႏွင့္ ရွမ္းျပည္နယ္ အပါအဝင္ ျမန္မာႏိုင္ငံရွိ ျပည္နယ္/တိုင္းေဒသႀကီး အသီးသီးတြင္ ပဋိပကၡဒဏ္ ထိခိုက္ခံစားၾကရေသာ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ရသူ လူဦးေရေပါင္း ၃၆၀,၀၀၀ ခန႔္ႏွင့္ အျခားထိခိုက္လြယ္ေသာ မိသားစုဝင္မ်ားကို လစဥ္ အသက္ကယ္ဆယ္ေရးအကူအညီမ်ား ေပးအပ္ရာတြင္ မ်ားစြာအေထာက္အပံ့ျဖစ္ေစမည္ဟု ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံး၏ သံ႐ုံးအႀကီးအကဲ Mr Anders Graugaard က ေျပာဆိုထားသည္။

ဓါတ္ပုံ-ဒိန္းမတ္သံ႐ုံး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071