လူ့အခွင့်အရေးကောင်စီ၏ (၅၉)ကြိမ်မြောက်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုမူကြမ်း အ တည်ပြုချမှတ်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံ၏ရပ် တည်ချက်အဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ ဇူလိုင် ၇ ရက်ကထုတ်ပြန်ချက်ထွက်ပေါ်လာသည်။
AA အဖွဲ့၏တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသူ များပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှောင့်နှေးလျက်ရှိကာ မြန်မာအစိုးရအနေဖြင့် လုံခြုံရေးအ ခြေအနေများပြန်လည်ကောင်းမွန်လာသည်နှင့် နှစ်နိုင်ငံသဘောတူညီချက်များအရ စိစစ်အတည်ပြုပြီးသူများအားလုံးကို ပြန်လည်လက်ခံရန်အသင့်ရှိခြင်းကို ထပ်လောင်းအတည်ပြုသည်ဟု ရေးသားဖော်ပြထားသည်။
၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်အထိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်အ တည်ပြုပြီးသူ(၂၇၄,၀၉၃)ဦးအနက် ရခိုင်ပြည်နယ်တွင်နေထိုင်ခဲ့ကြောင်း အထောက်အထားဖြင့် အ တည်ပြုနိုင်သူ(၁၉၄,၁၇၅)ဦးရှိ၍ ယင်း အချက်အ လက်များနှင့် အသေးစိတ်တွေ့ရှိချက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပေးပို့ခဲ့ပြီးဖြစ်သည်ဟု ရေး သားဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပ ဒေပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို နိုင် ငံသားအဆင့်အတန်းပေးအပ်လျက်ရှိသော်လည်း နိုင်ငံတော်၏ဥပဒေနှင့် သမိုင်းမှတ်တမ်းအထောက် အထားများတွင် မည်သည့်အခါကမျှမရှိခဲ့သော“ရိုဟင်ဂျာ”ဆိုသည့် လုပ်ကြံဖန်တီးထားသော အသုံး အနှုန်းကို အသိအမှတ်မပြုကြောင်း အလေးအနက် ထပ်လောင်းပြောကြားသည်ဟု ရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် အုပ်ချုပ်မှုဆိုင်ရာဖွဲ့စည်းပုံလုပ်ငန်းစဉ်များတွင် ဘာသာရေး၊ လူမျိုးရေးမရွေး နိုင်ငံသားများပါဝင်မှုကို ကန့်သတ်ထားခြင်းမရှိဘဲ ဥပဒေပြဋ္ဌာန်းခြင်းသည် အချုပ်အ ခြာအာဏာပိုင်နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်အာဏာအတွင်း၌သာကျရောက်သဖြင့် ဆုံးဖြတ် ချက်အဆိုတွင်ပါဝင်သော တောင်းဆိုချက်ကို လက် ခံနိုင်မည်မဟုတ်ဟုလည်း ရေးသားဖော်ပြထား သည်။
