ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။
ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။
ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှုများ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ “လမင်း”စီ မံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။
ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်း လုံးညီညွတ်စွာဖြင့် ပြည်သူအားလုံးယုံကြည်ရသည့် ဝန်ထမ်းအဖြစ် ကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက် တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှချီးမြှင့်သည့် စီမံထူးချွန်(ဒုတိယအဆင့်)ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္က သိုလ်များ၌ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် သင် တန်းသားစံပြဆုရရှိခဲ့ကြသည့် လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇော်ထက်အောင်၊ ဒေါ်စုသက်တင်နှင့် ဌာနခွဲစာရေးဦးအောင်သူထွေးတို့အား ပြည်ထောင် စုဝန်ကြီးက တစ်ဆင့်မြင့်ရာထူးများဖြစ်သည့် ဒု-လူဝင်မှု ကြီးကြပ်ရေးမှူးနှင့် ရုံးအုပ်ရာထူးအဆင့်များကိုအပ်နှင်းတပ်ဆင်ပေးပြီး အမိန့်စာ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
