ယူ-၂၃ အာရှဖလားဝင်ရောက်ခွင့်ခြေစစ်ပွဲစဉ်များ ယနေ့ စက်တင်ဘာလ (၃)ရက် ၊ ညနေ (၄) နာရီအချိန်တွင် ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ စတင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
ယနေ့ စက်တင်ဘာ(၃)ရက်တွင် မြန်မာအသင်းနှင့် ကူဝိတ်အသင်းတို့ တွေ့ဆုံကြမည်ဖြစ်သလို စက်တင်ဘာ (၆)ရက်တွင် ဂျပန်အသင်း၊ စက်တင်ဘာ (၉)ရက်တွင် အာဖဂန်နစ္စတန်အသင်းတို့နှင့် အသီးသီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် အုပ်စု (၁၁) ခုမှ အုပ်စုပထမတစ်သင်းစီနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၄) သင်း၊ စုစု ပေါင်း (၁၅)သင်း ခြေစစ်ပွဲအောင်မည် ဖြစ်သည်။
မြန်မာအသင်းသည် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားခြင်းဖြစ်ပြီး မြန်မာ့လ က်ရွေးစင် ယူ -၂၃ အသင်းအား ဂျပန်နည်းပြ ကူရိုမှ တာဝန်ယူ ကိုင်တွယ်နေခြင်းဖြစ်သည်။
ပုံစာ – ယူ -၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု (B)ပွဲစဉ်များအဖြစ် ယှဥ်ပြိုင်ကစားမည့် မြန်မာ၊ ဂျပန်၊ အာဖဂန်နစ္စတန်နှင့် ကူဝိတ်အသင်းတို့ ယမန်နေ့က Official Training ပြုလုပ်နေသည့် မြင်ကွင်းပုံရိပ်
