ယူ-၁၅ လူငယ်လိဂ် ဘောလုံးပြိုင်ပွဲပွဲစဉ်(၁)အပြီး တောင်ကြီးဇုန်နှင့် မန္တလေးဇုန်တို့၏ အမှတ်ပေးဇယား အဆင့်ရပ်တည်မှုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်လိဂ်ကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်သည်။
တောင်ကြီးဇုန်တွင် Innlay Youth FC က ရမှတ်(၃)မှတ်ဖြင့် အုပ်စုအဆင့် ပထမ ၊ Eastern Shan FC က ရမှတ် (၃)မှတ်ဖြင့် ဒုတိယ၊ Paoh New Generational FC က ရမှတ်(၁)မှတ်ဖြင့် တတိယ၊ Shan Southern FC က ရမှတ် (၁)မှတ်ဖြင် စတုတ္ထ၊ Paw Muu Region FC နှင့် Middle Shan State FC က အမှတ်မရရှိသေးဘဲ အုပ်စုအဆင့်အောက်ဆုံးတွင် ရပ်တည်နေကြသည်။
ထို့အတူ မန္တလေးဇုန်တွင် Stnm FC က ရမှတ်(၃)မှတ်ဖြင့် အုပ်စု အဆင့် ပထမ၊ Sparrow FC က ရမှတ် (၃)မှတ်ဖြင့် အုပ်စုအဆင့် ဒုတိယ၊ Shwe Pay Leik FC နှင့် Youth Soccer FCတို့မှာရမှတ်(၁)မှတ်စီဖြင့် တိတိယနှင်စတုတ္ထ နေရာများတွင် ရပ်တည်နေပြီး၊ Sagaing Utd FC နှင့် An isk Khan FC တို့မှာ ရမှတ်မရရှိသေးဘဲ အုပ်စုတွင်း အောက်ဆုံးအဆင့်၌ အသီးသီးရပ်တည်နေကြသည်။
ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို ၂၀၂၄ခု နှစဒီဇင်ဘာနောက်ဆုံးပတ်မှစတင်၍ (၆) လကြာ ကျင်းပြုလုပ်နေခြင်းဖြစ်ပြီး၊ပြိုင်ပွဲကာလအနေဖြင့် ပထမအကျော့ (၃)လ၊ ဒုတိယအကျော့(၃)လဖြင့် စုစုပေါင်း (၆)လ ကြာ ကျင်းပသွားမည်ဖြစ်သည်။
FIFA-MFF U15 Boys Leagu 2024-2025 ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့များတွင် ကျင်းပလျှက်ရှိပြီး၊ ပြိုင်ပွဲဝင်အသင်းများအား ပြိုင်ပွဲစရိတ် ထောက်ပံ့သွားမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယဆုရအသင်းများအား ဆုကြေးငွေ၊ ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိပြီး၊ လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ဖီဖာလမ်းညွှန်ချက်များနှင့်အညီ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံး လိဂ်ပြိုင်ပွဲကျင်းပပေးလျက်ရှိကြောင်း သိရသည်။