ဝါရှင်တန်၊ ဇူလှိုင် ၇
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရုဘီယို သည် ယခုသီတင်းပတ်အတွင်း မလေးရှားနိုင်ငံသို့ အမေရိက၏ ထိပ်တန်းသံတမန်အဖြစ် သွားရောက်မည်ဖြစ်ကြောဂ်း အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။ ဤခရီးစဉ်သည် အာရှ-ပစိဖိတ်ဒေသသို့ မာကိုရုဘီယို၏ ပထမဆုံးခရီးစဉ် ဖြစ်သည်။ မာကိုရုဘီယိုသည် ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ ရက် နေ့အထိ ခရီးထွက်မည်ဖြစ်ပြီး၊ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အာဆီယံ ၁၀ နိုင်ငံဝန်ကြီးများအစည်းအဝေးတွင် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။
ရုဘီယိုသည် ဤခရီးစဉ်အတွင်း ဒေသတွင်းမှ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ ယင်းမိတ်ဖက်နိုင်ငံများသည် သမ္မတ ဒေါ်နယ်ထရမ်၏ ကမ္ဘာလုံးဆိုင်ရာ အခွန်မြင့်တင်မှု မဟာဗျူဟာကြောင့် စိုးရိမ်နေကြသည်။
အဆိုပါ ခရီးစဉ်သည် အင်ဒို-ပစိဖိတ်ဒေသအပေါ် အမေရိက၏ အာရုံစိုက်မှုပြန်လည်တိုးမြင့်လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခုအချိန်အထိ ၎င်း၏အာရုံစိုက်မှုကို ခံခဲ့ရသည့် အရှေ့အလယ်ပိုင်းနှင့် ဥရောပရှိ ပဋိပက္ခများမှ အခြားနိုင်ငံရေးစီမံချက်များသို့အာရုံပြောင်း ကျော်လွှားရန် ရည်ရွယ်ချက်ရှိကြောင်းကိုလည်း ရူဘီယို၏ ခရီးစဉ်က ပြနေသည်။
ပြီးခဲ့သည့် သီတင်းပတ်က ရူဘီယိုသည် သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့က မိတ်ဖက်များအဖြစ် လက်ခံကျင်းပခဲ့ပြီး အဆင့်မြင့်နည်းပညာ အသုံးချမှုများအတွက် အရေးပါသော ကဏ္ဍဖြစ်သည့် အရေးပါသော ဓာတ်သတ္တုများ ဖြည့်တင်းထောက်ပံ့မှုဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုတစ်ရပ်ကို ကြေညာခဲ့သည်။ ဤကဏ္ဍသည် မြင့်မားသည့်နည်းပညာထုတ်ကုန်များအတွက် အဓိကဖြစ်သောဧရိယာ ဖြစ်ပြီး၊ ယင်းကဏ္ဍကို ဝါရှင်တန်၏ မဟာမိတ်အဓိကပြိုင်ဘက်ဖြစ်သော တရုတ်က ထိန်းချုပ်ထားသည်။
ထရမ့်သည် အရှေ့တောင်အာရှမိတ်ဖက်၊ အာဆီယံအဖွဲ့ဝင်ဗီယက်နမ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီး အိန္ဒိယနှင့် သဘောတူညီချက်တစ်ရပ်ကိုလည်း ရရှိနိုင်မည်ဟု ကြေညာခဲ့သော်လည်း အမေရိက၏အဓိကအာရှ မိတ်ဖက်နိုင်ငံဖြစ်သော ဂျပန်နှင့်သဘောတူညီမှုရရှိနိုင်မှုအပေါ်တွင် သံသယရှိကြောင်းပြောကြားခဲ့သည်။ ဂျပန်သည် အမေရိက၏ အဓိက တင်သွင်းသူနှင့် ရင်းနှီးမြှုပ်နှံသူ အကြီးဆုံးနိုင်ငံလည်းဖြစ်သည်။
ရူဘီယိုသည် ဇန်န၀ါရီလတွင် စတင်တာဝန်ယူကတည်းက အရှေ့မြောက်အာရှရှိ အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သည့် ဂျပန် သို့မဟုတ် အိမ်နီးချင်း တောင်ကိုရီးယားသို့ သွားရောက်လည်ပတ်ခြင်းမရှိသေးကြောင်းသိရသည်။ တရုတ်နိုင်ငံမှ ဖြစ်ပေါ်လာနိုင်သော ခန့်မှန့်အန္တရာယ် များကြောင့် အာရှ-ပစိဖိတ်ဒေသကို အမေရိကန်၏ မဟာဗျူဟာရေးအဓိက ဧရိယာအဖြစ် မြင်ထားနေကြောင်း သိသာထင်ရှားသည်။
အာဆီယံနိုင်ငံများသည် ထရမ့် ၏ အခွန်မြင့်တင်ရေးမဟာဗျုဟာထိုးစစ်ကို စိုးရိမ်ပူပန်မှုရှိနေကြပြီး ဒေသတွင်းနှင့် သံတမန်ရေးရာနှင့် စီးပွားရေးအရ အပြည့်အ၀ဆက်ဆံရန် ၎င်း၏ “America First” အစိုးရ၏ ဆန္ဒကို မေးခွန်းထုတ်ခဲ့သည်။ “အင်ဒို-ပစိဖိတ်ဒေသကို အမေရိကန် အကျိုးစီးပွားအတွက် အဓိကအခန်းကဏ္ဍ၊ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍအဖြစ် အမေရိကန်က အမှန်တကယ် ရှုမြင်ကြောင်း အမေရိကန်က စိတ်ချယုံကြည်ရမှာပါ” ဟု ဝါရှင်တန်၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ ဂရီခ် ပိုလင်း က ပြောကြားခဲ့သည်။
ထရမ့် နှင့် ဗီယက်နမ်တို့၏ သဘောတူညီချက်ကြောင့် တခြားအာဆီယံနိုင်ငံများစိတ်အားထက်သန်လာနိုင်ကြောင်းနှင့် ဤသို့ လုပ်ဆောင်ခြင်းက အမေရိကနှင့် ဗီယက်နမ်ကြား လက်တွေ့ကျသော လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကြိဆက်လက်ပြုလုပ်ဖို့ နည်းလမ်းကို ချောမွေ့စေသင့်ပြီး အရှေ့တောင်အာရှမှာ အခြားနိုင်ငံတွေကိုလည်း အလားတူ သဘောတူညီချက်များ ရနိုင်စေမည်ဟုမျှော်လင့် ကြောင်း ပိုလင်း က ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
