Wednesday, December 17, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...
HomeInternationalယူအက်စ်နှင့်ဖိလစ်ပိုင်စစ်ရေးပူးတွဲလေ့ကျင့်မှု ဒေသတွင်းနိုင်ငံများ ဆန့်ကျင်

ယူအက်စ်နှင့်ဖိလစ်ပိုင်စစ်ရေးပူးတွဲလေ့ကျင့်မှု ဒေသတွင်းနိုင်ငံများ ဆန့်ကျင်

ပေကျင်း၊ဧပြီ ၂၁

အမေရိကနှင့်ပူးတွဲပြီး အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ဖိလစ်ပိုင်၏အဆုံးအဖြတ်ကို ဒေသတွင်းနိုင်ငံများက မနှစ်မြို့ကြဘဲ ဆန့်ကျင်ခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ပေကျင်းနှင့်မနီလာတို့အကြား တောင်တရုတ်ပင်လယ်အရေးအငြင်းပွားနေချိန်၌ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး အမေရိကနှင့်ဖိလစ်ပိုင်တို့၏ နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မည့် အစီအစဉ်ကို ပေကျင်းကယခုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်ကမ္ဘာလုံးမှာ တစ်ဘက်သတ်ဝါဒ၊ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေဖြစ်နေကြလို့ ဒေသတွင်းမှာရှိတဲ့ စိန်ခေါ်မှုတွေကို တုန့်ပြန်ဖို့နဲ့ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် ဒီဒေသမှာရှိတဲ့နိုင်ငံတွေက စည်းလုံးညီညွတ်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုနဲ့ ပူးပေါင်းကြိုးပမ်းမှုတွေပြုလုပ်ဖို့ တောင်းဆိုနေကြတာပါ” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဤအခြေအနေတွင် ဖိလစ်ပိုင်သည် ဒေသတွင်းတည်ငြိမ်မှုနှင့် စီးပွားရေးအလားအလာများကို ထိခိုက်စေနိုင်သောလုပ်ရပ်မျိုးဖြစ်သည့် အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်းကိုလုပ်ရန် ဖိလစ်ပိုင်ဘက်ကရွေးချယ်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ထို့ကြောင့် ယခုလုပ်ရပ်ကို ဒေသတွင်းနိုင်ငံများက မနှစ်မြို့သဖြင့် ကန့်ကွက်ခဲ့သည်ဟုလည်းဆိုသည်။သို့သော် ဖိလစ်ပိုင်နှင့်အမေရိကတို့ကမူ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်ပေါင်း စစ်အင်အား (၁၄,၀၀၀) နှင့်ပြုလုပ်ခဲ့ကြကာ အမေရိကန်စစ်သား (၉,၀၀၀) နှင့် ဖိလစ်ပိုင်စစ်သား (၅,၀၀၀) ပါဝင်သည်ဟုသိရသည်။

ထို့ပြင် အဆိုပါစစ်ရေးလေ့ကျင့်မှုသို့ အခြားနိုင်ငံပေါင်း ၁၀ နိုင်ငံကလည်း လေ့လာသူနိုင်ငံများအဖြစ် ပါဝင်တက်ရောက်မည်ဖြစ်ပြီး ဧပြီ ၂၁ ရက်မှ မေလ ၉ ရက်နေ့အထိတောင်တရုတ်ပင်လယ်၌ လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

Ref 1 : ရှင်းဟွာ
Ref 2 : NOM World News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071