ယူကရိန်း၏ အနာဂတ်သည် Bakhmut နှင့် ရှေ့တန်းတလျှောက်အောင်ပွဲရမှုအပေါ် မူတည်သည်ဟု သမ္မတဇလန်းစကီးက တနင်္လာနေ့ ညနေခင်းမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
Bakhmut သည် ရုရှား၏ ချေမှုန်းရေး၏ အဓိက အာရုံစိုက်မှု ဖြစ်လာပြီး ရုရှားတို့သည် မြို့တော်၏ အရှေ့ဘက်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့သည်။
“အရှေ့ဘက်မှာ အရမ်းခက်ခဲတယ်၊ အရမ်းထိခိုက်တယ်။ ရန်သူရဲ့စစ်အင်အားကို ဖျက်ဆီးရမယ်။ ဖျက်ဆီးပစ်မယ်” ဟု ဇလန်းစကီး က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
Bakhmut ကို သိမ်းပိုက်ခြင်းသည် မိမိတို့ အဓိကရည်ရွယ်ရာဖြစ်သည့် Donetsk ဒေသကို သိမ်းပိုက်နိုင်စေလိမ့်မည်ဟု ရုရှားဖက်က ပြောသည်။
သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင်း Bakhmut တွင် နှစ်ဖက်စလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်လာခဲ့သည်။
တနင်္လာနေ့တွင် ယူကရိန်းစစ်သားများက မြို့တော်အတွင်း ပြင်းထန်သော ရုရှားတိုက်ခိုက်မှုများကို ချေမှုန်းရန် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
“ရှေ့တန်းမြို့များသည် ယူကရိန်းနိုင်ငံသားအားလုံး၏ အနာဂတ်ပင် ဖြစ်ပြီး၊ တိုက်ပွဲဝင်နေသည့် နေရာတိုင်းသည် ကျွန်ုပ်တို့အတွက်အနာဂတ်ကို ဆုံးဖြတ်နေကြောင်း” ဇလန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇလန်းစကီးက Bakhmut အနီးတွင်ရှိသော ရုရှားတပ်များကို ဖျက်ဆီးပစ်မည်ဟု ကတိပေးထားသော်လည်း လေ့လာသူအချို့ကမူ ဤဗျူဟာကို မယုံကြပေ။
