Monday, June 23, 2025

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို...

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ...

ပြည်မြို့ကိုဗဟိုပြု၍ အင်အား ၃ ဒသမ...

ပဲခူးတိုင်း၊ ပြည်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၆ နာရီ ၃၂...

ဂျပန်တွင် ကျင်းပမည့်နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့...

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်ဇူလိုင်လတွင်ကျင်းပလျက်ရှိပြီး ယခုအခါ နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံစခန်းချပွဲ(BRIDGE...

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ...
HomeInternationalယူကရိန်း၏ ဇွန်လ ၁...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် လေယာဉ်များကို ပြန်လည်ပြင်ဆင်မည်ဟု ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးဆို

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။

ဟုယူကရိန်၏ တို-က်ခို-က်မှုက မဟာဗျူဟာမြောက်ဟန်ချက်အပေါ် သက်ရောက်နိုင်ခြေရှိမရှိ မေးမြန်းသောအခါတွင် TASS သို့ ဒုဝန်ကြီးက “ကာကွယ်ရေးဝန်ကြီးဌာန ပြောကြားခဲ့သလို ဒီလေယာဉ်တွေဟာ ဖျ-က်ဆီးခံရတာမဟုတ်ဘဲ ပျ-က်စီးခဲ့တာပါ။ သူတို့ကို ပြန်ပြင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ယူကရိန်းအစိုးရ၏ တို-က်ခို-က်မှုနောက်ဆက်တွဲနှင့်ပတ်သက်၍ ပြင်ပသတင်းထုတ်ပြန်မှုများကို ၎င်းက ပယ်ချခဲ့သည်။ “ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကိုပဲ ကိုးကားသင့်ပါတယ်” ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဇွန်လ ၁ ရက်နေ့တွင် ယူကရိန်းအစိုးရသည် Murmansk, Irkutsk, Ivanovo, Ryazan, နှင့် Amur ဒေသများရှိ လေယာဉ်ကွင်းများအား FPV ဒရုန်းများဖြင့် တို-က်ခို-က်မှုများ ပြုလုပ်ခဲ့သည်။ Ivanovo, Ryazan, နှင့် Amur ဒေသများသို့ တို-က်ခို-က်မှုများကိုမူ ရုရှားဖက်ကကာကွယ်နိုင်ခဲ့သည်။ တို-က်ခို-က်မှုများနောက်ပိုင်း လေယာဉ်အချို့ မီးလေ-ာင်ခဲ့သည်။ အားလုံးကို ချက်ချင်းငြှိမ်းသ-တ်နိုင်ခဲ့သည်။ စစ်မှုထမ်းများ သို့မဟုတ် အရပ်သားများထဲတွင် ထိခို-က်ဒဏ်ရာရသူများ မရှိခဲ့ကြောင်း သိရသည်။ တို-က်ခို-က်မှုများတွင် ပါဝင်ပတ်သက်သူအချို့ကို ဖမ်းဆီးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထပ်လေ-ာင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို ရွှေ့ပြောင်းခဲ့ကြောင်း အီရန်ပြောကြား

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ နျူကလီးယားစခန်းတွေဆီက နျူကလီးယားယိုစိမ့်မှုမျိုးမတွေ့ရဘူးလို့လဲ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ(IAEA) က ဆိုပါတယ်။ Isfahan ဒေသ ဒုတိယလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးအုပ်ချုပ်ရေးမှူးက Isfahan နဲ့ Natanz နျူကလီးယားစခန်းတွေအနီး တိုက်ခိုက်မှုတွေကို အတည်ပြုခဲ့တယ်လို့ IRNA က ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေအပြီး သူတို့နိုင်ငံတွင်းမှာ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ ကျောင်းများပိတ်ခြင်း၊ စုဝေးမှုများ ပိတ်ပင်ခြင်းနဲ့ မရှိမဖြစ်မဟုတ်တဲ့...

ပြည်မြို့ကိုဗဟိုပြု၍ အင်အား ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

ပဲခူးတိုင်း၊ ပြည်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၆ နာရီ ၃၂ မိနစ် ၃၃ စက္ကန့်က ပြည်မြို့၏ အရှေ့ဘက်(၉)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၈ ဒသမ ၈၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၃၄)ဒီဂရီ၊ အနက်(၁၇)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၈)အဆင့်ရှိ အင် အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို တောင်ငူမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်တွင် ကျင်းပမည့်နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာလူငယ်များတွေ့ဆုံပွဲ ၂၀၂၅ သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်ဇူလိုင်လတွင်ကျင်းပလျက်ရှိပြီး ယခုအခါ နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံစခန်းချပွဲ(BRIDGE Summer Camp-2025)သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများပါဝင်တက်ရောက်ခွင့်ရရှိခဲ့သည်။ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့(Fukuoka)အခြေစိုက် အာရှ - ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း(Asian-Pacific Children's Convention-APCC )မှဦးစီး၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ပွဲသို့တတ်ရောက်ရန် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း(MJA)မှဦးစီး၍အခြေခံပညာကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်အောင်ဘုန်းမြတ်သာ၊ မောင်ကြည်စိုးဟန်၊ မောင်ဘုန်းမော်ကွန်း၊ မခိုင်ဝတ်ရည်မင်း၊ မကြည်ဖြူချမ်းလင်းနှင့် မဖြိုးမွန်မွန်မြင့်တို့အား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071