မော်စကို၊ဇွန် ၁၈
ရုရှားသမ္မတပူတင်သည် အာဖရိကခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ၎င်းတို့၏မျှတသောနည်းလမ်းဖြင့် ယူကရိန်းအရေးသို့ချဉ်းကပ်မှုအား အသိအမှတ်ပြုပါကြောင်းနှင့် ရုရှားအနေဖြင့်ယူကရိန်းအရေးအတွက် ဆွေးနွေးရန်လည်းလမ်းဖွင့်ထားကြောင်းပြောကြားခဲ့သည်။
သမ္မတပူတင်နှင့်တွေ့ဆုံသည့်အာဖရိကခေါင်းဆောင်များတွင် တောင်အာဖရိက၊ဆီနီဂေါ၊အီဂျစ်၊ဇမ်ဘီယာ၊ယူဂန်ဒါ၊ကွန်ဂိုသမ္မတနိုင်ငံနှင့် ကိုမိုရို့စ်ကျွန်းစုများမှခေါင်းဆောင်များပါဝင်ကြပြီး ၎င်းတို့သည် သမ္မတပူတင်နှင့်မတွေ့ဆုံမီ ယူကရိန်းသမ္မတဇလန်းစကီးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
တောင်အာဖရိကသမ္မတကမူ ယူကရိန်း၌ဖြစ်ပွားနေသည့် ပဋိပက္ခများကို လျင်မြန်စွာအဆုံးသတ်သင့်ကြောင်းပြောကြားခဲ့ပြီး ယခုပဋိပက္ခအား ညှိနှိုင်းဆွေးနွေးကာ သံတမန်နည်းအရသာ ဖြေရှင်းသင့်သည်ဟုလည်းပြောကြားခဲ့သည်။
အာဖရိကန်ဒေသများသည် ယူကရိန်းနှင့်ရုရှားမှ အစားအစာနှင့်မြေဩဇာများကိုအဓိကအားထားနေရသဖြင့် ယခုပဋိပက္ခသည် ၎င်းတို့အတွက်များစွာထိခိုက်စေသောကြောင့် ငြိမ်းချမ်းရေးနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နိုင်ရန် ယခုခရီးစဉ်အားပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်းသိရသည်။
Source : WION