Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...
HomeInternationalယူကရိန်းအရေးသုံးနှစ်မြောက် နှစ်ပတ်လည်နေ့အတွက် နိုင်ငံခြား...

ယူကရိန်းအရေးသုံးနှစ်မြောက် နှစ်ပတ်လည်နေ့အတွက် နိုင်ငံခြား ခေါင်းဆောင်များ ကိဗ်မြို့သို့ရောက်ရှိ

ကိဗ်၊ဖေဖော်ဝါရီ ၂၄

ယူကရိန်းအရေး သုံးနှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပရန် နိုင်ငံခြား ခေါင်းဆောင်အချို့သည် ကိဗ်မြို့သို့ တနင်္လာနေ့ကရောက်ရှိလာခဲ့ကြောင်းအစိုးရပိုင် Ukrinform သတင်းဌာနကဖော်ပြခဲ့သည်။

ဧည့်သည်တော်များထဲ၌ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါ လေယန်၊ဥရောပကောင်စီဥက္ကဌ အန်တိုနီယို ကော်စတာ၊ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနှင့် စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်‌ရှေးတို့ပါဝင်သည်ဟုလည်းသိရသည်။

အဆိုပါခေါင်းဆောင်များကိုမီးရထားဘူတာရုံ၌ ယူကရိန်းသမ္မတရုံးအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က သွားရောက်ကြိုဆိုခဲ့ကြသည်ဟုလည်း‌ သတင်း၌‌ဖော်ပြထားသည်။

ယူကရိန်းအ‌ရေး သုံးနှစ်ပြည့် အခမ်းအနားသို့ လူကိုယ်တိုင်တက်ရောက်သည့်ခေါင်းဆောင် ၁၃ ဦးရှိကာ အခြား အွန်လိုင်းမှတစ်ဆင့်တက်ရောက်သူသည် 24 ဦးရှိသည်ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။

ယခု အခမ်းအနားကို ငြိမ်းချမ်းရေးအတွက် လမ်းစများရှာဖွေရန်၊ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များနှင့် စုပေါင်းလုံခြုံရေးဆိုင်ရာ ကျယ်ပြန့်သည့်ဆွေးနွေးမှုများကို အာရုံစိုက်လုပ်ဆောင်သွားရန်မျှော်လင့်ထားသည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071