ကိဗ်၊ဖေဖော်ဝါရီ ၂၄
ယူကရိန်းအရေး သုံးနှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပရန် နိုင်ငံခြား ခေါင်းဆောင်အချို့သည် ကိဗ်မြို့သို့ တနင်္လာနေ့ကရောက်ရှိလာခဲ့ကြောင်းအစိုးရပိုင် Ukrinform သတင်းဌာနကဖော်ပြခဲ့သည်။
ဧည့်သည်တော်များထဲ၌ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါ လေယန်၊ဥရောပကောင်စီဥက္ကဌ အန်တိုနီယို ကော်စတာ၊ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနှင့် စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်ရှေးတို့ပါဝင်သည်ဟုလည်းသိရသည်။
အဆိုပါခေါင်းဆောင်များကိုမီးရထားဘူတာရုံ၌ ယူကရိန်းသမ္မတရုံးအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က သွားရောက်ကြိုဆိုခဲ့ကြသည်ဟုလည်း သတင်း၌ဖော်ပြထားသည်။
ယူကရိန်းအရေး သုံးနှစ်ပြည့် အခမ်းအနားသို့ လူကိုယ်တိုင်တက်ရောက်သည့်ခေါင်းဆောင် ၁၃ ဦးရှိကာ အခြား အွန်လိုင်းမှတစ်ဆင့်တက်ရောက်သူသည် 24 ဦးရှိသည်ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။
ယခု အခမ်းအနားကို ငြိမ်းချမ်းရေးအတွက် လမ်းစများရှာဖွေရန်၊ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များနှင့် စုပေါင်းလုံခြုံရေးဆိုင်ရာ ကျယ်ပြန့်သည့်ဆွေးနွေးမှုများကို အာရုံစိုက်လုပ်ဆောင်သွားရန်မျှော်လင့်ထားသည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ
