Saturday, December 13, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeInternationalယူကရိန်းမှာ ​ကြေကွဲစရာတွေဆက်ဖြစ်မလာ​အောင် အနောက်အုပ်စုအားပူတင်သတိပေး

ယူကရိန်းမှာ ​ကြေကွဲစရာတွေဆက်ဖြစ်မလာ​အောင် အနောက်အုပ်စုအားပူတင်သတိပေး

ယူကရိန်းမှာ ​ကြေကွဲစရာတွေဆက်ဖြစ်မလာ​အောင် အနောက်အုပ်စုအားပူတင်သတိပေး

ကိဗ်(ယူကရိန်း)၊ဇူလိုင် ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုအား ဆယ်စုနှစ်များစွာ ရန်လိုနေခဲ့သည့် အနောက်အုပ်စုကို ကြာသပတေးနေ့ (ဇူလိုင် ၇) တွင်သတိပေးခဲ့ပြီး စစ်မြေပြင်တွင် ရုရှားကိုအနိုင်ယူလိုပါက စမ်းကြည့်ရန်ကြိုဆိုသော်လည်း ၎င်းသည်ယူကရိန်းအတွက်​ကြေကွဲစရာတွေပိုဖြစ်စေလိမ့်မည်ဟု သတိပေးခဲ့သည်။

ပူတင်၏ထိပ်တန်းသံတမန် Sergei Lavrov သည် ဆန့်ကျင်သူအများစုနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံရသည့် အင်ဒိုနီးရှားနိုင်ငံ၌ သောကြာနေ့ကကျင်းပသည့် G20 တံခါးပိတ်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်နေချိန်တွင်ပူတင်၏ယခုမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

“နောက်ဆုံးကျန်နေတဲ့ ယူကရိန်းနိုင်ငံသား‌ တွေ‌ကြောင့်အနောက်အုပ်စုကကျွန်တော်တို့ကိုတိုက်ချင်နေတယ်ဆိုတာ အကြိမ်ပေါင်းများစွာကြားခဲ့ပြီးပါပြီ၊ဒါဟာ ယူကရိန်းနိုင်ငံသားတွေအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပေမဲ့ အရာအားလုံးကအဲ့လိုဖြစ်ဖို့ပဲဦးတည်နေတာပဲ” ဟု ပူတင်ကပါလီမန် ခေါင်းဆောင်များကို ရုပ်မြင်သံကြား မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

အနောက်အုပ်စုက ပိတ်ဆို့အရေးယူမှုနဲ့ ရုရှားကိုချုပ်ကိုင်ဖို့ကြိုးစားခဲ့ပေမဲ့ ထင်သလောက်အရာမရောက်ခဲ့ပါဘူး။ဒဏ်ခတ်ပိတ်ဆို့မှု‌တွေကြောင့် ရုရှားကိုထိခိုက်ခဲ့တာမှန်ပေမယ့် “သူတို့မျှော်လင့်ထားတဲ့ပမာဏအတိုင်းတော့အကျပ်မရိုက်ခဲ့ပါဘူး” ဟု၎င်းကထပ်မံပြောသည်။ရုရှားကငြိမ်းချမ်းရေးဆွေးနွေးဖို့လက်မခံတာမဟုတ်ပါဘူး၊ဒါပေမယ့် ပဋိပက္ခတွေပိုများလာလေလေ၊သဘောတူညှိနှိုင်းဖို့ကပိုအလှမ်းဝေးလာလေလေတော့ဖြစ်လာမှာပဲဟုလည်းဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရာထူးကဆင်းပေးမည်ဟုပြောကြားပြီးနောက် ကိဗ်သည် ၎င်းအားအဓိကထောက်ခံသူတစ်ဦးကို ဆုံးရှုံးခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ရုရှား၏ထိုးစစ်ဆင်မှုကို ပြတ်ပြတ်သားသားရှုံ့ချသည့် ပထမဆုံးကမ္ဘာ့ခေါင်းဆောင်များထဲတွင်ပါဝင်သည့် ဗြိတိန်ဝန်ကြီးချုပ်အား “ယူကရိန်း၏ စစ်မှန်သောမိတ်ဆွေ” ဟုဆိုခဲ့ပြီးဆက်လက်၍လည်း ယူကရိန်းနိုင်ငံကိုကာကွယ်ရန် နှင့် နောက်ဆုံးတွင် စစ်ပွဲကိုအနိုင်ရစေရန် ကူညီထောက်ပံ့ပေးရန်လည်းတောင်းဆိုခဲ့သည်။

ဂျွန်ဆင်၏နုတ်ထွက်မှုသည် ကိဗ်ကိုထောက်ခံသည့် အခြားဥရောပနိုင်ငံအချို့တွင် ပြည်တွင်းမငြိမ်သက်မှုများနှင့် ကာလရှည်ကြာ ပဋိပက္ခဖြစ်လာနေသည့်အတွက် ၎င်းတို့၏ ဆက်လက်ရပ်တည်နိုင်မှုနှင့်ပတ်သက်၍ သံသယများထွက်ပေါ်လာနေချိန်ဖြစ်သည်။

ယခုဖြစ်ရပ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင်အကြီးမားဆုံး ပဋိပက္ခဖြစ်ကာ ထောင်ချီသေဆုံးပြီးသန်းပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ပြီး မြို့များစွာကိုပျက်စီးစေခဲ့သည်။

Source – Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071