ကြာသပတေးနေ့နံနက်ပိုင်းက ယူကရိန်းထောက်လှမ်းရေး(SBU)အရာရှိတစ်ဦး ကိယက်ဗ်မြို့တွင်ပင် ေ-သနတ်ဖြင့် ပ-စ်သ-တ်ခံခဲ့ရကြောင်းနှင့် လုပ်ကြံမှုတစ်ခုဖြစ်သည်ဟု ယူဆရကြောင်း ဒေသအာဏာပိုင်များက CNN ကို ပြောကြားခဲ့သည်။
ယင်းလုပ်ကြံမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းကိုလည်း ယူကရိန်းထောက်လှမ်းရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN ကို ပြောကြားခဲ့သည်။ အဆိုပါအရာရှိ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
တို-က်ခို-က်မှုကို ဖော်ပြနေသည့် အသံတိတ် CCTV ဗီဒီယိုဖိုင်ကို ပြည်တွင်း Telegram ချန်နယ်များတွင် ဖြန့်ဝေခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်ကို CNN က အတည်မပြုနိုင်သေးသော်လည်း ၎င်း၏တည်နေရာနှင့် ဖြစ်ရပ်သည် ကိယက်ဗ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ဖြစ်စဉ်မှ တရားဝင်ဓာတ်ပုံများနှင့် ကိုက်ညီနေသည်။
ဗီဒီယိုဖိုင်တွင် အမျိုးသားတစ်ဦးသည် ကိယက်ဗ်မြို့တော်ရှိ တိုက်ခန်းအဆောက်အအုံတစ်ခုမှနေ့ခင်းကြောင်တောင် ထွက်လာသည်။ ၎င်းသည် အိတ်နှစ်လုံးကို သယ်ဆောင်ကာ အနီးနားရှိ ကားတစ်စီးဆီသို့ ဦးတည်သွားစဉ် မျက်နှာဖုံးစွပ်ထားသော လူတစ်ဦးက ေ-သနတ်တစ်လက်ကို ကိုင်ဆောင်ကာ ချဉ်းကပ်လာသည်ကို တွေ့ရသည်။ တို-က်ခို-က်သူသည် ေ-သနတ်ကို ပ-စ်ခ-တ်လိုက်ပုံရပြီး အိတ်များသယ်ဆောင်လာသော အမျိုးသားမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဘေးမှလူတစ်ဦး ထွက်ပြေးသွားသည်ကို တွေ့ရသည်။ မျက်နှာဖုံးစွပ် တို-က်ခို-က်သူသည် ထပ်မံပစ်ခတ်ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့သည်။ ကိယက်ဗ်ရဲတပ်ဖွဲ့က တရားခံကို “ဖော်ထုတ်နေသည်” ဟု ပြောကြားကာ လူဖမ်းဆီးရေးကို စတင်ခဲ့သည်။
ရဲတပ်ဖွဲ့ကလည်း အခြားသော ဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပူးပေါင်း၍ ရာဇဝတ်မှုအား စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းထောက်လှမ်းရေး(SBU)အရာရှိကို အခင်းဖြစ်ပွားရာနေရာတွင်ပင် ေ-သနတ်ဒဏ်ရာဖြင့် ေ-သဆုံးလျက်တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
SBU သည် ယူကရိန်း၏ အဓိက ထောက်လှမ်းရေးနှင့် လုံခြုံရေးဝန်ဆောင်မှုဖြစ်ပြီး၊ ပြီးခဲ့သည့်လက ရုရှားလေယာဉ်ကွင်းများအပေါ်တို-က်ခို-က်ခဲ့သည့် ယူကရိန်း၏ “Operation Spiderweb”ဒရုန်းတို-က်ခို-က်မှုကို တာဝန်ယူဆောင်ရွက်ခဲ့သည်။
