Thursday, June 11, 2026

ပညာရေးပြည်ထောင်စုဝန်ကြီးနှင့် UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့...

ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr....

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန်...

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင်...

ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမှတ်များသိသိသာသာမြင့်တက်လာနိုင်ဟု...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့်...

တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး ဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေး...

နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး...
HomeInternationalယူကရိန်းဆန်တင်ပို့မှုအတွက် ပင်လယ်လမ်းကြောင်းဖွင့်ပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးနှင့်...

ယူကရိန်းဆန်တင်ပို့မှုအတွက် ပင်လယ်လမ်းကြောင်းဖွင့်ပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် G 20 ဖိအားပေးကြိုးပမ်းမည်

ယူကရိန်းဆန်တင်ပို့မှုအတွက် ပင်လယ်လမ်းကြောင်းဖွင့်ပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် G 20 ဖိအားပေးကြိုးပမ်းမည်

ဝါရှင်တန်၊ဇူလိုင် ၆

ယူကရိန်းပဋိပက္ခကြောင့် ပိတ်ဆို့ထားသော ပင်လယ်ရေကြောင်းလမ်းများကို ပြန်ဖွင့်ပေးရန်အတွက် ရုရှားအားဖိအားပေးရန် G20 နိုင်ငံများကို ယခုတစ်ပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တောင်းဆိုမည်ဖြစ်ပြီး မော်စကို၏ စစ်ပွဲကိုမထောက်ခံရန် တရုတ်ကို ထပ်မံသတိပေးမည်ဖြစ်သည်။

ကန်နိုင်ငံခြားရေးဝန်ကြီးသည် ဘာလီတွင်ကျင်းပမည့် G 20 အစည်းအဝေးကို တက်ရောက်ရန် ဇူလိုင် ၆ ရက်ဗုဒ္ဓဟူးနေ့၌လာ​ရောက်မည်ဖြစ်သည်။အဆိုပါအစည်းအဝေးကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံမည်ဖြစ်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့်တော့တွေ့ဆုံမည့်အစီအစဉ်မရှိ ဟုသိရှိရသည်။

အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည်ယူကရိန်းစစ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်ရသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ရုရှားကလည်း ယခုလိုဖြစ်ရခြင်းသည် အမေရိကန်ကဦးဆောင်ပြုလုပ်သော ပိတ်ဆို့အရေးယူမှုကြောင့်သာဖြစ်သည်ဟု ပြန်လည်ချေပထားသည်။

ရုရှားကတာဝန်ခံပြီးဆန်ပို့ဖို့ ပင်လယ်လမ်း​ကြောင်းများပြန်ဖွင့်ရန်အတွက် ကုလသမဂ္ဂ၏ကြိုးပမ်းအားထုတ်မှုများကိုG20 နိုင်ငံများက​ထောက်ခံ​ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယူကရိန်းသည် ၎င်း၏သင်္ဘောများ သွားလာမှုကို ရုရှားကပိတ်ဆို့ထားသည်ဟု စွပ်စွဲထားပြီး ယခုတစ်ပတ်တွင် တူရကီ၊ကုလသမဂ္ဂတို့နှင့်ပါ စပါးတင်ပို့မှု အတွက် အာမခံချက်များရရှိရန် ဆွေးနွေးနေကြောင်းပြောကြားခဲ့သည်။

သို့သော်ထိုအချက်ကိုရုရှားကငြင်းဆိုခဲ့ပြီး ၎င်း၏ပိတ်ဆို့မှုကြောင့်မဟုတ်ပဲ ယူကရိန်းက ၎င်း၏ဆိပ်ကမ်းများတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများလုပ်‌နေခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

Source – Reuters/fh

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပညာရေးပြည်ထောင်စုဝန်ကြီးနှင့် UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံ

ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယမန်နေ့ က တွေ့ဆုံခဲ့ကြောင်း သိရသည်။ စာတတ်မြောက်မှုနှုန်းနှင့် ကျား၊ မ ကွာဟချက်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ စာသင်ကျောင်းများနှင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသောနေရာ ဖြစ်စေရေးအတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း...

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ရန်ကုန်မြို့၏ တစ်ဖက်ကမ်း သန်လျင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုကြည်ညိုနိုင်စေရန်အတွက် ဘိုးဘိုးကြီးနန်းနှင့်နတ်ရှင်နောင်အုတ်ဂူ တည်ရှိရာဖက် ​စောင်းတန်း အခြမ်းအား ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင် ရှေးခေတ်မွန်နှင့် မြန်မာလက်ရာများစွာ ရှိသည့်အပြင်၊ သမိုင်းဝင် တောင်ငူခေတ် နတ်ရှင်နောင်၏ အုတ်ဂူမှာလည်း ယခုပြုပြင်နေသည့် ဘိုးဘိုးကြီးစောင်းတန်းအနီးတွင် တည်ရှိသဖြင့် သမိုင်းဝင်လက်ရာများ ပေါကြွယ်ဝသော ဘုရားကြီးလည်း ဖြစ်သည်။ မိမိတို့ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်းဖြင့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး၏ သာသနာ့အဆောက်အအုံများ ရေရှည်တည်တံ့စေရေးတွင် လက်တွဲကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမှတ်များသိသိသာသာမြင့်တက်လာနိုင်ဟု မိုးဇလသတိပေး

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့် အလယ်ပိုင်းမြို့ကြီးများတွင် အမြင့်ဆုံးအခြေအနေအထိမြင့်တက်လာနိုင်ကာ (၆)ပေမှ(၁၂)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ချောက်မြို့တို့ဖြစ်ကြောင်း သိရသည်။ (၂)ပေမှ (၄)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့ဖြစ်ပြီး ချင်းတွင်းမြစ်ရေသည်လည်း မြစ်ဝှမ်းဒေသတစ်လျှောက်တွင် (၈)ပေမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071