Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalယူကရိန်းစစ်ပွဲနောက်ပိုင်း ရှီနှင့် ပူတင်ပထမဆုံးအကြိမ်တွေ့ဆုံမည်

ယူကရိန်းစစ်ပွဲနောက်ပိုင်း ရှီနှင့် ပူတင်ပထမဆုံးအကြိမ်တွေ့ဆုံမည်

ယူကရိန်းစစ်ပွဲနောက်ပိုင်း ရှီနှင့် ပူတင်ပထမဆုံးအကြိမ်တွေ့ဆုံမည်

ပေကျင်းနှင့် မော်စကိုတို့သည် အနောက်အုပ်စု ဦးဆောင်သော ပြစ်တင်ဝေဖန်မှုများနှင့် ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်နေရသောကြောင့် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုတိုး မြှင့်နေစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတပူတင်တို့သည် လာမည့်အပတ်တွင် ဥဇဘက်ကစ္စတန်၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အကစ်စီအို) ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံရန် စီစဉ်ထားသည်ဟု တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အင်န်ဒရေးဒန်နီဆော့ဗ်က သတင်းထောက်များကို ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ တာ့စ် ကဖော်ပြထားသည်။

အဆိုပါတွေ့ဆုံမှုသည် ကန့်သတ်ချက်များမရှိသော မိတ်ဖက်ချစ်ကြည်ရေး နိုင်ငံများအဖြစ် ကြေညာထားသည့် တရုတ်နှင့် ရုရှားအကြား နွေးထွေးနေသော ဆက်ဆံရေးကို ပြသမည့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏တွေ့ဆုံမှုဖြစ်လာမည် ဖြစ်သည်။

အင်္ဂါနေ့က ရုရှားအစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom က တရုတ်နှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဓာတ်ငွေ့အတွက် ပေးချေမှုများကို အမေရိကန် ဒေါ်လာအစား ယွမ်နှင့် ရူဘယ််လ်ဖြင့် ပေးချေရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ မော်စကိုသည် ယူကရိန်း အရေးအခင်းနှင့် ပတ်သက်၍ မြောက်များစွာသော ပိတ်ဆို့အရေးယူမှုဒဏ်ကို အကြိမ်ကြိမ်ခံရပြီးနောက် အမေရိကန်ဘဏ္ဍာရေးစနစ်အပေါ် ၎င်း၏ မှီခိုအားထားနေမှုကို လျှော့ချရန် ကြိုးစားလာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ရှီနှင့်ပူတင်၏ ဆွေးနွေးပွဲသည် ရုရှား-ယူကရိန်း အရေးအခင်း စတင်ချိန်မှစ၍ ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံကြမည့်ပွဲ ဖြစ်လာမည်ဖြစ်သည်။

ထို့အပြင် ရှီသည် လာမည့်အပတ်တွင် ကာဇက်စတန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ပြီးနောက် ပြည်ပသို့ သွားရောက်မည့် ၎င်း၏ ပထမဆုံးခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

အောက်တိုဘာလလယ်တွင်ကျင်းပမည့် တရုတ်ပြည်၏ အာဏာရ ပါတီဖြစ်သော ကွန်မြူနစ်ပါတီ၏ ကွန်ဂရက်ညီလာခံ မတိုင်မီ အဆိုပါ ဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အထက်ပါ ညီလာခံ၌ ရှီသည် မည်သူမျှ မရရှိဖူးခဲ့သော တတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ဆက်လက်ရယူနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Source:Aljazeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071