ကီယက်ဗ်(ယူကရိန်း)၊ ဇူလှိုင် ၂၀
ကီယက်ဗ်သည် လာမည့်သီတင်းပတ်တွင် မော်စကို ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း ယူကရိန်းသမ္မတ ဘိုလိုဒီမာ ဇလန်းစကီး က ယူကရိန်းနိုင်ငံတစ်ဝန်းတွင် ရုရှား၏တို-က်ခို-က်မှုများကြောင့် လူေ-သဆုံးမှုများ ထပ်မံဖြစ်ပွားပြီး နာရီပိုင်းအကြာ စနေနေ့တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်တွင် မော်စကိုနှင့် ကိယက်ဗ်တို့ကြား နှစ်ကျော့ဆွေးနွေးပွဲသည် အပ-စ်အခတ်ရပ်စဲရေးသည် တိုးတက်မှုတစ်စုံတစ်ရာ မရရှိခဲ့ဘဲ အ ေ-သခံစစ်သည်များ၏ အလေ-ာင်းများကို ပြန်လည်ပေးအပ်ရန် အကျဉ်းသားများ လဲလှယ်ခြင်း သဘောတူညီချက်သာရှိပြီး အပစ်အခတ်ရပ်စဲရေးသည် တိုးတက်မှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်းသိရသည်။
“လုံခြုံရေးကောင်စီအတွင်းရေးမှူး ယူမာရော့က သူသည်လာမည့်တပတ်တွင်ရုရှားဘက်နှင့်တွေ့ဆုံရန်အဆိုပြုခဲ့သည်” ဟု ဇလန်းစကီး ကသူ၏ညနေခင်းမိန့်ခွန်းတွင်ပြောကြားခဲ့သည်။ “စေ့စပ်ညှိနှိုင်းမှုရဲ့ အရှိန်အဟုန်ကို မြှင့်တင်ရမယ်” ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
ဇလန်းစကီးက ပူတင်နှင့် မျက်နှာချင်းဆိုင်ထိုင်၍ ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထပ်လေ-ာင်းပြောကြားခဲ့သည်။ “ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိစေဖို့ ခေါင်းဆောင်အဆင့်မှာ တွေ့ဆုံဆွေးနွေးဖို့ လည်းလိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လက ဆွေးနွေးပွဲများတွင် ရုရှားက ယူကရိန်းကို နယ်မြေပိုမိုပေးအပ်ရန်နှင့် အနောက်နိုင်ငံများ၏ စစ်ရေးပံ့ပိုးမှုပုံစံအားလုံးကို ပယ်ချရန် တောင်းဆိုမှုများအပါအဝင် သဘောထားတင်းမာသော တောင်းဆိုချက်များစာရင်းကို ရုရှားက ဖော်ပြခဲ့သည်။
ကီယက်ဗ်ဘက်က ၎င်းတို့ကို လက်ခံနိုင်ဖွယ်မရှိဟု ငြင်းဆိုခဲ့ပြီး မော်စကိုက လိုက်လျောရန် ဆန္ဒမရှိပါက နောက်ထပ် စေ့စပ်ညှိနှိုင်းရေး ပြုလုပ်ရန် အဓိပ္ပာယ်ရှိမရှိကို မေးခွန်းထုတ်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ရုရှားကို ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရယူရန် ရက် ၅၀ အချိန်ပေးထားပြီနောက်၌ ယူကရိန်းနှင့် ဆက်လက်ဆွေးနွေးရန် အသင့်ရှိကြောင်း ယခုလအစောပိုင်းတွင် ခရမ္မလင်နန်းတော်က ပြောကြားခဲ့သည်။
ထို့အပြင် ထရမ့်သည် နေတိုးမှတဆင့် စစ်ရေးထောက်ပံ့မှုအသစ်များကို ယူကရိန်းသို့ ပေးအပ်ရန် ကတိပြုခဲ့ပြီးနောက်၌ ယူကရိန်းမြို့ကြီးများကို ရုရှား၏လေကြောင်းတို-က်ခို-က်မှုများ များလာသည်။ ရုရှားသည် မကြာသေးမီလများအတွင်းက ယူကရိန်းမြို့များကို တာဝေးပစ် လေကြောင်းတို-က်ခို-က်မှုများအပြင် ရှေ့တန်းထိုးစစ်များနှင့် ပစ်ခတ်မှုများလည်း အရှိန်မြှင့်ခဲ့ပြီး ထရမ့်၏သတိပေးချက်ကို ဖီဆန်ခဲ့သည်။
လွန်ခဲ့သည့်စနေနေ့တွင် ယူကရိန်း နိုင်ငံတစ်ဝန်းတွင် လူသုံးဦးကို ေ-သဆုံးစေခဲ့သော ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်တို-က်ခို-က်မှုများ ပြုလုပ်ခဲ့သည်။
မကြာသေးမီက ရုရှားတပ်ဖွဲ့များ တိုးဝင်လာခဲ့သည့် အရေးပါသော စက်မှုအချက်အချာဖြစ်သည့် ယူကရိန်းအလယ်ပိုင်း ဒနီပရိုပက်ထရော့ဗ် စက်မှုဇုန်ဒေသကို ရုရှားဒုံးကျည်ဖြင့် ထိမှန်ပြီးနောက် လူနှစ်ဦး ေ-သဆုံးခဲ့သည်။
ယူကရိန်း ဆိပ်ကမ်းမြို့ အိုဒီဆာတွင် ရုရှားက မောင်းသူမဲ့ လေယာဉ် အစီး ၂၀ ဖြင့်တို-က်ခို-က်ခဲ့ရာ တစ်ညတည်းတွင် လူတစ်ဦးေ-သဆုံးခဲ့သည်။
ရုရှားနိုင်ငံတောင်ပိုင်း ရို့စတော့ဒေသတွင် ရထားများ လေးနာရီခန့် ရပ်ဆိုင်းခဲ့ရပြီး ယူကရိန်းက ဒရုန်းဖြင့် တို-က်ခို-က်မှုကြောင့် မီးရထားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မော်စကိုနှင့် ကိယက်ဗ်တို့သည် အချင်းချင်း ဝေဟင်ကာကွယ်ရေးကို လွှမ်းမိုးရန် ဈေးပေါသော ဒရုန်းများဖြင့် အချင်းချင်း ခြိမ်းခြောက်နေကြကာ ရာနှင့်ချီသော ဒရုန်းများကို လွှင့်တင်ခဲ့ကြသည်။ ယခုအခါ ဒရုန်းအများအပြားကို နေ့စဉ်နီးပါး ပစ်လွှတ်လိုက်ကြောင်း နှစ်ဖက်တပ်များက စနေနေ့တွင် ပြောကြားထားသည်။
အစ္စတန်ဘူလ် သဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိယက်ဗ်သည် ကြာသပတေးနေ့တွင် စစ်သား ၁,၀၀၀ ၏ ရုပ်အလေ-ာင်းများကို လက်ခံရရှိခဲ့ပြီး ယူကရိန်းထံမှ ၁၉ ဦးကို ရုရှားက လက်ခံခဲ့သည်ဟု ရုရှားဘက်က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် ရုရှားဘဏ်များကို ပစ်မှတ်ထားပြီး စစ်ပွဲအတွက် ရန်ပုံငွေပမာဏကို လျှော့ချရန်နှင့် ရုရှားရေနံတင်ပို့မှုအပေါ် ဈေးနှုန်းကန့်သတ်မှုကို ထပ်မံလျော့ချခြင်းများနှင့် မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှု ၁၈ ခု ကိုသောကြာနေ့တွင် သဘောတူညီခဲ့ကြသည်။
Ref: ဘန်ကောက်ပို့စ်
