Wednesday, August 6, 2025

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ...

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း...

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC...

သီတဂူဆရာတော်ကြီးမှ ကရင်ပြည်နယ်ရှိ ရေ‌ဘေးသင့်သူများအတွက် ငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)အား သီတဂူဆရာတော်ကြီး၏ညွှန်ကြားမှုဖြင့်...
HomeInternationalယူကရိန်းက ခရိုင်းမီးယားကို ဒရုန်း...

ယူကရိန်းက ခရိုင်းမီးယားကို ဒရုန်း ၃၈ စင်း စေလွှတ်တိုက်ခိုက်ခဲ့ပြီး အားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှား ပြောဆို

ခရိုင်းမီးယားကျွန်းဆွယ်ကို ပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒရုန်း ၃၈ စင်းလုံးကို ရုရှား လေကြောင်းကာကွယ်ရေးစနစ်တွေက ဖျက်ဆီးချေမှုန်းပစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။ ဖီအိုဒိုဆီးယားဆိပ်ကမ်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ယူကရိန်းနဲ့ ရုရှားရှိ လူမှုကွန်ရက် မီဒီယာတွေပေါ် သတင်းတွေတက်လာခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ယင်းသို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ တယ်လီဂရမ်အကောင့်ကနေ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်အတွင်း ပျက်ဆီးထိခိုက်မှုနဲ့ လူ‌ေ-သဆုံးမှုရှိ မရှိကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဖီအိုဒိုဆီးယားဆိပ်ကမ်းအနီးက လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ သိသိသာသာဖြစ်ပေါ်ခဲ့တယ်လို့ ရုရှားခန့်ထားတဲ့ ခရိုင်းမီးယားဒေသ အရာရှိတွေက အစောပိုင်းမှာ ပြောဆိုပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှား ကုန်းမကြီးကို ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ယာဉ်ဖြတ်သန်းမှုတွေ ၂ နာရီခန့်ရပ်တန့်သွားခဲ့ပြီး ညနေ ၂ နာရီနီးပါးလောက်မှသာ ပြန်လည်ဖြတ်သန်းနိုင်ခဲ့တယ်လို့ ယင်း အရာရှိတွေက ပြောဆိုပါတယ်။

တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၂ နာရီလောက်မှာ ဆီသိုလှောင်ရုံတစ်ခုနဲ့ ပင်လယ်ဆိပ်ကမ်း ဧရိယာမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ဖီအိုဒိုဆီးယား ဒေသခံတွေက ပြောဆိုကြောင်း ရုရှားနဲ့ ယူကရိန်း လူမှုကွန်ရက်မီဒီယာတွေက ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားသိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ပင်လယ်နက်ဒေသဟာ ၂ နှစ်ကြာ ယူကရိန်းစစ်ပွဲမှာ အရေးပါတဲ့ စစ်ရေးနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။

ယူကရိန်းက ရုရှားရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းနဲ့ ရေပြင် ဒရုန်းတွေသုံးကာ တိုးမြှင့်တိုက်ခိုက်လာခဲ့တာကြောင့် ဆီဗာစတိုပိုလ်ဆိပ်ကမ်းရှိ စစ်သင်္ဘောတွေ၊ ရေတပ် ပြုပြင်ထိန်းသိမ်းရေးနေရာတွေနဲ့ အခြား ပစ်မှတ်တွေ ထိုခိုက်ပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

Ref: U.S.News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့်ဆက်စပ်သောပူးပေါင်းဆောင် ရွက်မှုယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း(၉၈၄)ခုကိုပံ့ပိုးကူညီခဲ့ကြသည်ဟု အ ခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၇...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ ပြုနိုင်ရန်အတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ခန်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရကောင်စီမှ အမိန့်အမှတ် ၆/၂၀၂၅ ဖြင့် ယနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းပြော

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC U-20 Women's Asian Cup ခြေစစ်ပွဲအုပ်စု (D)၏ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ "ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြု ပြင်တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071