Sunday, July 27, 2025

မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ပန်ဆန်းမြို့ရှိ သစ်ဂိုဒေါင်တွင်မီးလေ-ာင်မှုဖြစ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း သစ်ဂိုဒေါင်တစ်လုံး၌ ယနေ့ ဇူလိုင် ၂၇ ရက်နံနက် ၁၁ နာရီကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပန်ဆန်းမြို့၊ Cung...

မြန်မာလူငယ်များကို  ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးမည်

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။ “Brighter Youth For...

မဲဆွယ်ရာတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေဟုPPP ပါတီဥက္ကဋ္ဌပြော

ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ်...

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကို-ပြုံယမ်း တိုက်ရိုက်လေကြောင်းခရီးစဉ်...

ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀...
HomeNewsLocal Newsယာယီခရီးသွား လက်မှတ်(စီအိုင်) ကိုင်ဆောင်သည့်...

ယာယီခရီးသွား လက်မှတ်(စီအိုင်) ကိုင်ဆောင်သည့် မြန်မာများ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA)တွင် ဒါဏ်ငွေပေးဆောင်၍ ပြန်ခွင့်ရမည်ဟု မြန်မာသံရုံး အသိပေးချက် ထုတ်ပြန်

ကွာလာလမ်ပူမြို့၊ဇူလိုင် ၈

ယာယီခရီးသွားလက်မှတ်(စီအိုင်)ကိုင်ဆောင်သူများ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA)တွင် ဒါဏ်ငွေပေးဆောင်၍ ပြန်ခွင့်ရမည်ဟု ကွာလာလမ်ပူမြို့အခြေစိုက်မြန်မာသံရုံးက ယနေ့ညတွင် အသိပေးချက်ထုတ်ပြန်သည်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)က Malaysia Airports Holdings Berhad (MAHB) နှင့်ပူးပေါင်း၍ ကွာလာလမ်ပူအပြည်ပြည် ဆိုင်ရာလေဆိပ် (KLIA) တွင် မလေးရှားနိုင်ငံသို့ တရားမ၀င်ဝင်ရောက်လာသူ များသက်ဆိုင်ရာနိုင်ငံမျာသို့ ပြန်လည်ထွက်ခွာနိုင်ရေး အတွက် အထူးကောင်တာများ ဖွင့်လှစ်၍ ဆောင်ရွက်ပေးမည် ဆိုသောကြေညာချက်အား ကိုးကားပြီး မြန်မာသံရုံးဘက်ကထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

လူ၀င်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Khairul Dzaimee Daud က သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် ယာယီခရီးသွားလာရေး လက်မှတ်( စီအိုင်)နှင့် အထောက်အကူပြု စာရွက်စာတမ်းများကို စစ်ဆေးနိုင်ရန်အတွက် အထူးကောင်တာဖွင့်လှစ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊အကြောင်းကြောင်းကြောင့် တရားမဝင်နေထိုင်သူများဖြစ်သွားသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ ယာယီခရီးသွားလက်မှတ် (စီအိုင်)၊ လေယာဉ်လက်မှတ်များနှင့်အတူ လေဆိပ်၌ ဒဏ်ကြေးငွေ မလေးရှားရင်းဂစ် ၅၀၀ ပေးဆောင်၍ ပြန်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ဒဏ်ကြေးကို Debit Card၊ Credit Card သို့မဟုတ် Touch’nGo ၊ eWallet များဖြင့် ပေးချေရမည်ဖြစ်ကြောင်း သံရုံးဘက်က ဖော်ပြသည်။

သံရုံးအနေဖြင့် ယာယီခရီးသွားလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် သံရုံးပြန်လည် ဖွင့်လှစ်နိုင်မည့် ရက်အား ဆောလျင်စွာ ထုတ်ပြန်ကြေညာ သွားမည်ဟုလည်း ကွာလာလမ်ပူမြို့ အခြေစိုက်မြန်မာသံရုံးက ယနေ့၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲဖြင့်ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071