ယနေ့ ဇွန် ၂၉ ရက် ညနေ ၄ နာရီအချိန်၌ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် တာ့ခ်မင့်နစ္စတန် အမျိုးသမီးအသင်းတို့ ၂၀၂၆ အာရှဖလားဝင်ခွင့် ခြေစမ်းပွဲစယှဉ်ပြိုင် ကစားမည်ဖြစ်ရာ ယင်းပွဲစဉ်အား တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်သည်ဟု MFF ကအသိပေးထား သည်။
အဆိုပါ တိုက်ရိုက် Live ထုတ်လွှင့်မှုကို Channel 7နှင့် Pyone Play Sportsတို့က လွှင့်သွားမည်ဖြစ်သည်။
ကွင်းအတွင်း လာရောက်ကြည့်ရှုလိုသူများအတွက် ပွဲနေ့များတွင် အထူးတန်းအတွက် ဂိတ်-၂ နှင့် ရိုးရိုးတန်းအတွက် ဂိတ်-၈ တွင် ရောင်းချပေးသွားမည်ဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်၂၉ ရက်တွင် တာခ်မင့်နစ္စတန်၊ ဇူလိုင်၂ ရက်နှင့် ဇူလိုင် ၅ ရက်တို့၌ ဘာရိန်းအသင်းနှင့် ဘင်္ဂလားဒေ့ရှ် အသင်းတို့ဖြင့် ထပ်မံယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
