ယနေ့ သြဂုတ် ၄ ရက်၏ ဒုတိယမြောက်ငလျင်သည် မောက်မယ်မြို့ကိုဗဟိုပြု၍ မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့ခြင်းကို တောင်ကြီးမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မောက်မယ်မြို့၏ အနောက်-အနောက်တောင်ဘက်(၃)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၀ ဒသ မ ၂၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၇ ဒသမ ၆၈) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ယနေ့ သြဂုတ် ၄ ရက်မွန်းတည့် ၁၂ နာရီ ၅၃ မိနစ် ၄၃ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၃ နာရီ ၄၂ မိနစ် ၄၂ စက္ကန့်ကလည်း မိတ္ထီလာမြို့၏ အနောက်တောင်ဘက်(၁၂)မိုင်ခန့်အကွာ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ ရစ်(ခ်) တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။
