ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့)နံနက်အစောပိုင်းက ကားကြီးတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယနေ့နံနက်အစောပိုင်း ၄ နာရီခွဲခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ဒဂုံမြို့သစ်စက်မှုဇုန်၊ကနောင်မင်းသားကြီးလမ်းတွင် ကားကြီးတစ်စီးမီး လောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့်ငြှိမ်းသတ်ခဲ့ကြသည်။
နံနက် ၄ နာရီ ၃၈ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ထို့ပြင် နံနက် ၃ နာရီ ၅၉ မိနစ်တွင်လည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ယုဇနဥယျာဉ်မြို့တော်၊မြသီတာလမ်း၊အပိုင်း(၁)တွင် မီးလောင်မှုဖြစ်ပွား၍
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီ ၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းများနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
