ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ အောက်တိုဘာ ၂၂ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့မှ (၅)မိုင်ခန့်အကွာ အနက်(၁၀)ကီလို မီတာကိုဗဟိုပြု၍ ယနေ့ အောက်တိုဘာ ၂၂ ရက်ည ၁၀ နာရီ ၂၆ စက္ကန့်က အင်အားရစ်ခ်တာစကေး(၃ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
