Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeNewsFootballယနေ့စတင်ကျင်းပမည့် Myanmar National...

ယနေ့စတင်ကျင်းပမည့် Myanmar National League 2024-2025 ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းက ဘရာဇီးကစားသမားများဖြင့် ပွဲထုတ်လာ

ယနေ့ ဇူလိုင် (၆)ရက် ညနေ (၃)နာရီခွဲအချိန်တွင် စတင်ကျင်းပမည့် Myanmar National League 2024-2025 ၏ အဖွင့်ပွဲစဉ် ကစားရမည့် ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ဘရာဇီး ကစားသမားများဖြင့် ပွဲထုတ်လာသည်ကို တွေ့ရသည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းဖြင့် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။

ဇူလိုင်(၄) ရက်က ထုတ်ပြန်သည့် ရခိုင်ယူနိုက်တက်အသင်း၏ ကစားသမားစာရင်းတွင် ဘရာဇီးနိုင်ငံ ကစားသမား TA TO နှင့် DOUGLAS တို့ အသစ်ထပ်မံပါဝင်လာသည်ကို တွေ့ ရပြီး ၎င်းတို့ နှစ်ဦးအပါအဝင် ပြည်တွင်းကစားသမား (၂၅) ဦးနှင့် ပွဲထွက်လာမည်ဖြစ်သည်။

သို့သော် ရန်ကုန်ယူနိုက်တက်အနေဖြင့် ပွဲထွက် ကစားသမားစာရင်းကို ထုတ်ပြန်အသိပေးခြင်း မရှိသေးသည်ကိုတွေ့ရသည်။

Myanmar National League 2024-2025 ပြိုင်ပွဲတွင်ပြည်တွင်းဘောလုံးကလပ်အသင်း (၁၂)သင်း ပါဝင်ကစားသွားမည်ဖြစ်သည်။

ယခုနှစ် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ဇွန်(၂၀)ရက်ကပင် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ထားပြီဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်တို့ တွေ့ ဆုံရမည်ဖြစ်သလို ဒဂုံစတားယူနိုက်တက်နှင့် သစ္စာအားမာန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ယခုပြိုင်ပွဲကို နိုင်ငံတကာ ဘောလုံးပြက္ခဒိန်များနှင့် ကိုက်ညီမှုရှိစေရန် ပြက္ခဒိန်နှစ် (၂) နှစ်ကို ခွ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက်...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဖိလစ်ပိုင် အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီလကတည်းက အင်အားအနည်းငယ်ဖြင့် မကြာခဏ ပေါက်ကွဲနေသော မေယွန်မီးတောင်သည် ကြီးမားစွာ ပေါက်ကွဲထွက်လာခြင်းမျိုး မဟုတ်သော်လည်း မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းပေါ်တွင် စုပုံနေသော ချော်ရည်ထုကြီးသည် စနေနေ့ ညမမှောင်မီအချိန်တွင် ရုတ်တရက် အောက်သို့ ပြိုကျကာ အပူရှိန်ပြင်းသော...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း အဆင့်ရရှိရန်ရည်မှန်း

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရောက်ရှိနေခဲ့သည့် ဒုတိယတန်း အဆင့်မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ပထမတန်းအဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချဒါ ဒ်နာဒီရက် က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစီအမံများ ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မကြာမီအတွင်း အမေရိကန်၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အကဲဖြတ်မှုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071