Tuesday, April 21, 2026

အမေရိကန်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဆိုရှယ်မီဒီယာအကောင့်များကို Public...

A-3, C-3 ဗီဇာ၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3 တို့၏ မှီခိုသူများဖြစ်သော H-4၊ F၊...

အမေရိကန်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဆိုရှယ်မီဒီယာအကောင့်များကို Public...

A-3, C-3 ဗီဇာ၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3 တို့၏ မှီခိုသူများဖြစ်သော H-4၊ F၊...

မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ...

လူငယ်ရေးရာကဏ္ဍများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်...

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်တက်ကြွကြွပူးပေါင်းပါဝင်လာစေရန်နှင့် လူငယ်ရေးရာကဏ္ဍများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်၍ အသစ်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက...
HomeCelebrities' Newsယ​နေ့ကွယ်လွန်သွားသည့် စာရေးဆရာ/ဇါတ်ညွှန်းရေးဆရာပိုက်​ထွေး (သရုပ်ဆောင်...

ယ​နေ့ကွယ်လွန်သွားသည့် စာရေးဆရာ/ဇါတ်ညွှန်းရေးဆရာပိုက်​ထွေး (သရုပ်ဆောင် ညိုမင်းလွင်၏ဖခင် ) နှင့်ပတ်သက်၍ဆရာဟိန်းလတ်က အမှတ်တရများ​ရေးသား 

ယ​နေ့ကွယ်လွန်သွားသည့် စာရေးဆရာ/ဇါတ်ညွှန်းရေးဆရာပိုက်​ထွေး(သရုပ်ဆောင် ညိုမင်းလွင်၏ဖခင် ) နှင့်ပတ်သက်၍ဆရာဟိန်းလတ်က အမှတ်တရများ​ရေးသားရင်း ​အလွမ်းတို့ကို ဖြေသိမ့်လိုက်သည်ကို ​ပေါ်ပြူလာက မျှ​ဝေလိုက်ပါသည်။

သူငယ်ချင်း ပိုက်တွေး နေ့လည်ကဆုံးပြီတဲ့။ သူကစာရေးဆရာ/ဇါတ်ညွှန်းရေးဆရာ။ သူ့ကိုသာလူသိနည်းမယ်။ သူ့သားကတော့နာမည်ကျော်ရုပ်ရှင်/ဗီဒီယိုဒါရိုက်တာ  သရုပ်ဆောင် ညိုမင်းလွင်။ 

ပိုက်ထွေးနဲ့ကျွန်တော်သိတာ နှစ်ငါးဆယ်ကျော်ပြီ။ အလုံသားအချင်းချင်းမို့ခင်မင်ကြတယ်။ ၁၉၇၃/၇၄ ကတည်းက သူက ပိုက်ထွေးနာမည်နဲ့ သွေးသောက်မဂ္ဂဇင်းမှာဝတ္တုတွေရေးနေပြီ။ သူ့နာမည်ရင်းက ကိုအောင်ဝင်း။ လူပုံဟန်ဖြူဖြူနွဲ့နွံ့မင်းသားပုံ။

သူနဲ့ကိုယ်တို့တစ်စု ညတိုင်း စက်တွင်းလမ်းထိိပ်က ရွှေဘဏ္ဏာ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြ။ စာပေအနုပညာအကြောင်းပြောကြ။ ကိုယ်နဲ့ထိန်လင်း (လင်းသူ)ကမိုးဝေမှာရေးနေကြပြီ။ ပိုက်ထွေးက မောင်မောက်(ဥက္ကလာ) ၊နေဝင်းလှု(အဆိုတော်ကိုတင်လှိုင်ရဲ့ညီ)၊သမုဒ္ဒရာစာပေထွန်းညွန့်(ယခုထိုင်ဝမ်)တို့နဲ့ကအတွဲပေါ့။ 

ပိုက်ထွေးကအနေအေးတယ်။ အမြဲပြုံးနေတတ်တယ်။ ကျွန်တော်အလုံကပြောင်းလာပြီးနောက်မှာပြောင်းတဲ့နေရာတိုင်းလာလည်တယ်။ အိမ်ကမိသားစုနဲ့ပါခင်တယ်။ ကျွန်တော်ပေါ်ပြူလာဂျာနယ်မှာလုပ်တော့ အလာပိုစိတ်တယ်။ စာမူတွေလာပေးတယ်။ Skynetကိုပြောင်းတော့လည်းလာတာပဲ။ 

ငယ်ပေါင်းတွေဆိုတော့တစ်ယောက်နဲ့တစ်ယောက်တခါမှအပြစ်မမြင်ကြဘူးလေ။ ခင်မင်ချစ်ခင်သံယောဇဉ်ပဲရှ်ကြတာ။ 

ညိုမင်းလွင်ရိုက်တဲ့ကားတွေမှာအင်္ဂလိပ်ဘာသာပြန်subtitleတွေကိုသူပဲရေးတယ်။ ညိုမင်းလွင်ရုပ်ချောတာ၊စာပေအနုပညာဝါသနာပါတာက ပိုက်ထွေးရဲ့အမွေရတာပဲ။ 

ခုတော့နှစ်ငါးဆယ်ကြာမိတ်ဆွေကြီးခွဲခွါသွားပြီပေါ့။ သူငယ်ချင်းပိုက်ထွေးကောင်းရာသုဂတိလားပါစေ။

ဟိန်းလတ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဆိုရှယ်မီဒီယာအကောင့်များကို Public သို့ပြောင်းထားရမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ကြေညာ

A-3, C-3 ဗီဇာ၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3 တို့၏ မှီခိုသူများဖြစ်သော H-4၊ F၊ M၊ J၊ K-1၊ K-2၊ K-3၊ Q၊ R-1၊ R-2၊ S၊ T သို့မဟုတ် U ဗီဇာအမျိုးအစား လျှောက်ထားသူအားလုံးသည် အမေရိကန်ပြည်ထောင်စု၏ ဥပဒေအရ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် ဝင်ရောက်ခွင့်ဆိုင်ရာ အရည်အချင်းများကို စစ်ဆေးရန်အတွက် လိုအပ်သော အချက်အလက်များကို စစ်ဆေးနိုင်ရန် မိမိတို့၏ ဆိုရှယ်မီဒီယာအကောင့်အားလုံး၏...

မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရသည်။ မြန်မာစံတော်ချိန် ယနေ့ မနက် ၆ နာရီ ၅၉ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက် ၁၀ ကီလိုမီတာ၊ ရစ်ချ်တာစကေး ၅ ဒဿမ ၁ အဆင့်ရှိ အင်အားအသင့်အတင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်း မှ မြောက်ဘက် ၃၆...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071