မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ချစ်ကြည်ရေးယဉ်ကျေးမှုကပွဲဖျော်ဖြေမည့် တရုတ်နိုင်ငံမှ အနုပညာအဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိနေကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) မှ သိရသည်။
အဆိုပါ အနုပညာအဖွဲ့သည့် ယနေ့ စက်တင်ဘာ(၁၉)ရက်နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သို့ စုပေါင်းလှုဒါန်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်မြေတွင် ဓါတ်ပုံရို-က်ပြီး ဓါတ်ပုံပြတို-က်ကိုလေ့လာခဲ့သလို အနုပညာအဖွဲ့နှင့် မြန်မာတရုတ်ချစ်ကြည်ရေးအဖွဲ့ တာဝန်ရှိသူများက သာယာဝတီမင်းခေါင်းလောင်းကြီးကို ပြိုင်တူထိုး၍ နှစ်ပြည်ထောင်ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲတိုးတက်ရေး ပြိုင်တူဆုတောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အနုပညာအဖွဲ့သည် အမျိုးသားကဇာတ်ရုံ(ရန်ကုန်)တွင် စက်တင်ဘာ(၂၀)ရက်၊ ညနေပိုင်း၌ ဖျော်ဖြေမည်ဖြစ်ကြောင်းလည်း သိရသည်။
