ယခု ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃၈၀,၀၀၀) ခန့် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃) သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာသန်း (၅၀၀) နီးပါး ရရှိခဲ့ကြောင်း ယခုဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန်တိုးမြှင့်တင်ပို့ရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။
ရော်ဘာ ပြည်တွင်းထွက်ရှိမှု၏ (၇၅) ရာခိုင်နှုန်းခန့်ကို တရုတ်သို့ အဓိကတင်ပို့ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။
ပြည်တွင်း၌ ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း၊ ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။
ရော်ဘာတင်ပို့မှုမှာ နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း (၂၅၀)မှ သန်း (၄၅၀) ကြား ရရှိနေကြောင်းလည်း သိရသည်။
