Sunday, May 3, 2026

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...
HomeNewsLocal Newsယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန်...

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃) သိန်းခန့် တင်ပို့မည်

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃) သိန်းခန့် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ကမ္ဘာ့ရော်ဘာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရော်ဘာဈေးမှာ ဈေးကောင်းရနေကြောင်းနှင့် ကမ္ဘာ့ရော်ဘာဈေး တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁၆၅၀ မှ ၁၇၀၀ အထိပေါက်ဈေးရှိပြီး ပြည်တွင်း ရော်ဘာဈေးမှာ တစ်ပေါင်လျှင် ငွေကျပ် ၁၄၁၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် ၃ သိန်း ၆ သောင်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် (၂) သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားထားသည်။

ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်းကျော်ရှိကြောင်း၊ နှစ်စဉ်ရော်ဘာတန်ချိန် ၁၉၀၀၀၀ ကျော်ကို တရုတ်၊ အိန္ဒိယ၊ထိုင်း၊ မလေးရှား ၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်းနှင့် ရော်ဘာကို ပြည်ပတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071