Wednesday, June 4, 2025

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ...

Art Hong Kong Expo...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...
HomeNewsLocal Newsယခုနှစ် မိုးဦးရာသီတွင် ပဲတီစိမ်းလျာထားစိုက်ဧက...

ယခုနှစ် မိုးဦးရာသီတွင် ပဲတီစိမ်းလျာထားစိုက်ဧက ၅၉၂၁၁ ဧကသတ်မှတ်ထား

၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးဦးရာသီတွင် ပဲတီစိမ်းလျာထားစိုက်ဧကမှာ ၅၉၂၁၁ ဧက သတ်မှတ်ထားပြီး ဇွန်လ၊ တတိယအပတ်အထိ ဧက (၃၀၀၀၀)ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲတီစိမ်းသည် ပူနွေးခြောက်သွေ့သော ရာသီဥတုကို နှစ်သက်ပြီး အပူချိန် ၃၀ မှ ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်းရှိသော ဒေသများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ရာ နှစ်စဥ်မိုးရေချိန် ၃၀ လက်မမှ ၃၆ လက်မအတွင်းရှိသော ဒေသများတွင် စိုက်ပျိုးနိုင်ကြောင်းနှင့် ဆားပေါက်သောမြေများမှ လွဲ၍ ကျန်သောမြေအားလုံးတွင် စိုက်ပျိုးနိုင်ရာ အထူးသဖြင့် စနယ်မြေစေး၊ လယ်မြေ၊ နုန်းမြေများတွင် ပို၍စိုက်ပျိုး ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မြန်မာပြည်အထက်ပိုင်း ဒေသများတွင် မိုးကြိုရာသီစိုက်ပျိုးရာ၌ ဖေဖော်ဝါရီ လလယ်မှ မတ်လလယ်အတွင်း လည်းကောင်း၊ မိုးရာသီ စိုက်ပျိုးရာ၌ မေလလယ်မှ သြဂုတ်လလယ်အတွင်း လည်းကောင်း စိုက်ပျိုးကြကြောင်းနှင့် မြန်မာပြည်အောက်ပိုင်း ဒေသများတွင် ပဲတီစိမ်းကို စပါးရိတ်သိမ်းပြီးချိန်၌ သီးထပ်အနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာအတွင်း စိုက်ပျိုးလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် အောင်လံမြို့၌ မိုးဦးကာလစောခဲ့၍ ပဲစိုက်တောင်သူများအနေဖြင့် မေလ၊ ပထမအပတ်တွင် စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သီးနှံပေါ်ချိန်တွင် ပုံမှန်ထက် တစ်လစော၍ ထွက်ရှိပြီး ဇူလိုင်လတွင် ‌ဈေးကွက်အတွင်း စတင်ရောက်ရှိလာသောဈေးနှုန်းမှာ ပိဿာ( ၂၀) ဝင် (၁)တင်းလျှင် ကျပ်(၄၅၀၀၀)မှ ကျပ်(၅၀၀၀၀)ဖြင့် အရည်အသွေးအလိုက် အရောင်းအဝယ်စတင်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များက ဝယ်ယူမှုများခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ 

ထို့ပြင် ဩဂုတ်လတွင် ကျပ် (၄၄၀၀၀)မှ ကျပ် (၉၅၁၀၀၀) အတွင်း မန္တလေးဝယ်လက်များမှာ ပိုမိုဝယ်ယူမှုရှိပြီး ရန်ကုန်ဝယ်လက်မှာမူ ပုံမှန်အတိုင်းသာအဝယ်ရှိခဲ့ကြောင်း၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ပိဿာ (၂၀)ဝင် (၁)တင်းလျှင် ကျပ်(၄၅၀၀၀)မှ ကျပ်(၅၀၀၀၀)အထိ ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်းနှင့် ယခု ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ပိဿာ(၂၀)ဝင် (၁)တင်းလျှင် ကျပ်(၅၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ ၆ နာရီက ရန်ကုန်မြို့ Lotte Hotel ရှိ Emerald Roomတွင်ကျင်းပခဲ့သည်။ ထိုပွဲတွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံဓလေ့များအပြန်အလှန်နားလည်ပြီး ကူးလူးဆက်ဆံနိုင်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာရေးတို့ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေးထာကိုးလ်တို့က ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စီးပွါးကူးသန်းဝန်ကြီးဟောင်းတစ်ဦးဖြစ်သလို ကုန်သည်စက်မှု...

Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများပြသခဲ့

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများကိုပြသခဲ့ကြောင်း သိရသည်။ ပြပွဲတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယွန်းထည်ပစ္စည်းများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကူညီမှုဖြင့် "အောင်ဇေ"ပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲ၊ ကျောက်စိမ်း၊ မုတ်ကောင်ခွံဖြင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများကို ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။ အဆိုပါပြပွဲ၌ တရုတ်ပန်းချီနှင့် ကမ္ပည်းမင်စာများ၊ ကြေးထည်နှင့် မြေထည်လက်ရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ရွှေထည်နှင့် ငွေထည်လက်ရာများ၊...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်စာဖြေဌာန၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် သံဃာတော်(၉၄)ပါး၊ သီလရှင် (၄၈)ပါး(စုစုပေါင်း ၁၄၂ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမကြီးတန်းတွင် သံဃာတော်(၁)ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၁၆)ပါး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071