ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယခုနှစ်ဇူလိုင်လတွင် သစ်လွင်ဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန် စုစုပေါင်း ၁၂၀၀ ကျော် ခန့်အပ်သွားမည်ဟု သိရသည်။
ထိုသို့ခန့်အပ်သွားနိုင်ရန် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လည်း ယမန်နေ့ (ဇွန်၂)က ပြုလုပ်ခဲ့သည်။
ခန့်အပ်ရာတွင် ဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင်များနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ကာ ဆေးကုသခွင့်လိုင်စင်များ အသစ်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ယာယီပိတ်သိမ်းထားရာမှ ပြန်လည်ခွင့်ပြုခြင်းများကိုလည်း စနစ်တကျ စိစစ်ဆောင်ရွက်သွားမည်ဟု သိရသည်။
ခွင့်ပြုရာတွင်လည်း အရည်အချင်းများပြည့်မီအောင် သက်ဆိုင်ရာကောင်စီများက စနစ်တကျစစ်ဆေးကာ ခွင့်ပြုပေးသွားမှာဖြစ်ကာ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီများမှလည်း နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆေးကုသခွင့်လိုင်စင်၊ အထူးဆေးကုသခွင့်လိုင်စင်၊ သူနာပြု/သားဖွားလိုင်စင်များ ထုတ်ပေးမှုအပေါ် စနစ်တကျ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
