Fighter Only မဂ္ဂဇင်းက ရွေးချယ်သည့် (၁၇)ကြိမ် မြောက် World MMA Awards တွင် ထည့်သွင်းချီးမြှင့်မည့်ဆုများအနက် ဆုနှစ်ခု၏ ပဏာမစာရင်းတွင် မြန်မာဖိုက်တာ ဂျော့ရှုအာဗန် ပါဝင်နေကြောင်း သိရသည်။
ယခုနှစ် အနည်းငယ်အတွင်း UFC စင်မြင့်၌ နာမည်ရလာသည့် ဂျော့ရှုအာဗန်သည် တစ်နှစ်တာ အကောင်းဆုံးဆု စာရင်း၏ ပဏာမစာရင်းတွင်ပါဝင်လာခြင်း ဖြစ်သည်။
ဂျော့ရှုအာဗန်သည် Breakthrough Fighter Of The Year ဆုနှင့် Fight Of The Year ဆုများ၏ ပဏာမစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။
၎င်းသည် ဇွန်လ (၂၈)ရက်က နောက်ဆုံးထိုးသ-တ်ခဲ့သည့် ဘရန်ဒန် ရွိုင်ဗယ်နှင့် UFC – 317 ပြိုင်ပွဲမှ စီစဉ်သည့် Fight Of The Year ဆုစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။
ဂျော့ရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်ပွဲကို UFC-317 ပြိုင်ပွဲ၏ အကောင်းဆုံးတွဲဆိုင်းအဖြစ် သတ်မှတ်ခံရသလို ဇွန်လအ တွင်း UFC က ကျင်းပသည့် ပွဲများတွင်လည်း အကောင်းဆုံးပွဲ (Fight of the Month) အဖြစ် ရွေးချယ်ခံခဲ့ရသည်။
Break-through Fighter Of The Year ဆုစာရင်းတွင်မူ ဂျော့ရှုအာဗန်သည် အခြားအားကစားသမား (၄)ဦး နှင့်အတူ ပါဝင်နေပြီး မြန်မာပရိသတ်နှင့် မစိမ်းသည့် ဒီရစ်ဒါလည်းပါဝင်နေကြောင်း သိရသည်။ ဂျော့ရှုအာဗန်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ (၁၅) ပွဲထိုးသ-တ်ရာတွင် (၁၃) ပွဲအထိ အနိုင်ရထားပြီး နောက်ဆုံး (၅)ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။
နာမည်ကျော်တိုက်ခိုက်ရေးအဖွဲ့အစည်း UFC နှင့် ၂၀၂၃ ခုနှစ်တွင် စတင်လက်တွဲခဲ့ပြီး (၈)ပွဲထိုးသတ်ရာတွင် (၇)ပွဲအထိအနိုင်ရထားကာ နောက်ဆုံးထိုးသ-တ်သည့်ပွဲတွင် ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရခဲ့သဖြင့် ယခုနှစ်အတွင်း ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲထိုးသ-တ်ခွင့်ရရှိထားသူဖြစ်သည်။
ဘက်စုံကိုယ်ခံပညာသုံး MMA ဖိုက်တာများ အတွက် ဂုဏ်သိက္ခာမြင့်မားသည့် ဆုဖြစ်ပြီး ယခုနှစ်တွင် ဆုအမျိုးအစားစုစုပေါင်း (၂၃) ခုအထိ ချီးမြှင့်မည်ဖြစ်သည်။
ဆုများကို ပရိသတ်များ၏ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ထိုးသ- တ်ခဲ့သည့်ပွဲများမှ စွမ်းဆောင်ရည်များအပေါ်မူတည်၍ ဆုအမျိုးအစားအလိုက် ဆန်ခါတင်စာရင်းများ ထုတ်ပြန်ခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်က ချီးမြှင့်သည့် World MMA Awards တွင် နာမည်ကြီး မြန်မာဖိုက်တာအောင်လအန်ဆန်းက Internati onal Fighter Of The Year ဆု ရရှိခဲ့သည်။
