Friday, January 2, 2026

ဇန်နဝါရီလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၃)...

ယခု ဇန်နဝါရီလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၃) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ...

လာမည့် စနေ (ဇန်နဝါရီ ၁၀...

အစားထိုးရုံးတက်ရက်ဖြစ်သည့် လာမည့် စနေ (ဇန်နဝါရီ ၁၀ ရက်) ၌လည်း ဘဏ်များဖွင့်ထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးကြေညာထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများခရီးသွားလာမှု လွယ်ကူစေရန်၊...

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများ ပြေးဆွဲလျက်ရှိ

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး အထူးရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အထူးရထားခရီးစဉ်များအနေဖြင့် ရန်ကုန် - နေပြည်တော်နှင့် ရန်ကုန်...

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း (၂) ကို...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၁) မြို့နယ်၌ ပြုလုပ်မည် ဖြစ်သည်။ ယင်း မြို့နယ် (၁၁) မြို့နယ်ရှိ...
HomeNewsLocal Newsယခုတစ်ပတ် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ

ယခုတစ်ပတ် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ

ယခုသီတင်းပတ်ကာလဖြစ်သည့် ဇန်နဝါရီ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် ပြီးခဲ့သည့်အပတ်က ရည်ညွှန်းဈေးနှုန်းအတိုင်း တစ်ပိဿာကျပ် (၆၀၆၀) ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၁ ရက်အထိကာလအတွင်း ရောင်းချမည့်ဈေးမှာ တစ်ပိဿာ ကျပ် ၆၀၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ဈေးနှုန်းမှာ ကျပ် (၆၀၅၀)ဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးအပတ်၌  (၁၀)ကျပ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာကျပ်(၆၅၈၅)ကျပ်မှ ဒီဇင်ဘာ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်းဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿလျှင် ကျပ် (၄၅၀)ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်သည်။

စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇန်နဝါရီလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၃) စင်းဝင်ရောက်ဆိုက်ကပ်မည်

ယခု ဇန်နဝါရီလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၃) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၇၃၁) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား...

လာမည့် စနေ (ဇန်နဝါရီ ၁၀ ရက်) သည် အစားထိုးရုံးတက်ရက်ဖြစ်၍ ဘဏ်များဖွင့်မည်

အစားထိုးရုံးတက်ရက်ဖြစ်သည့် လာမည့် စနေ (ဇန်နဝါရီ ၁၀ ရက်) ၌လည်း ဘဏ်များဖွင့်ထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးကြေညာထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများခရီးသွားလာမှု လွယ်ကူစေရန်၊ ရက်ရှည်အနားယူ အပန်းဖြေနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရုံးပိတ်ရက်ရှည်များကို ပြုလုပ်ပေးခဲ့ပြီး ယင်းပိတ်ရက်အတွက် အနီးဆုံး စနေနေ့ တရက်ကို အစားထိုး ရုံးတက်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့)၊ ၂၇ ရက် (စနေနေ့) နှင့် ၂၈ ရက် (တနင်္ဂနွေနေ့)...

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများ ပြေးဆွဲလျက်ရှိ

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး အထူးရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အထူးရထားခရီးစဉ်များအနေဖြင့် ရန်ကုန် - နေပြည်တော်နှင့် ရန်ကုန် - မော်လမြိုင် ခရီးစဉ်များကို ပြေးဆွဲ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် - နေပြည်တော်ခရီးစဉ်ကို ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီ ၃၀ တွင်( DEMU Express Train ) ကိုလည်းကောင်း၊ ရန်ကုန် - မော်လမြိုင် ခရီးစဉ်ကို ဇန်နဝါရီ ၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071