ယခု အောက်တိုဘာ(၂၀)ရက်မှ အောက်တိုဘာ(၂၃)ရက်အထိ တစ်ပတ်တာကာလအတွင်းရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ(၆,၅၈၅)ကျပ်ဖြစ်ပြီး ပြီးခဲ့သည့်အပတ်က ရောင်းချရမည် ဈေးအတိုင်းပြောင်းလဲမှုမရှိကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်က အခြေခံဈေးတစ်ပိသာ ကျပ်(၆,၆၁၀)ကနေ အောက်တိုဘာလ ပထမအပတ်ကစပြီး ကျပ်(၆,၅၈၅)ကျပ်သို ကျဆင်းလာခဲ့ခြင်းလည်း ဖြစ်သည်။ ဇူလိုင်လ ဒုတိယအပတ်မှစပြီး ဈေးအနည်းငယ်ကျဆင်းခဲ့သော်လည်း ဩဂုတ်လွင် စျေးအနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုစက်တင်ဘာလထဲတွင် ကျပ်(၆,၆၁၀) ဖြစ် ဈေးငြိမ်နေခဲ့ပြီးနောက် အောက်တိုဘာဆန်းပိုင်းမှာ ဈေးအနည်းငယ်ပြန်လည်ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
