Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeEntertainmentEntertainment Eventမန္တလေးမြို့ တော် မဟာသင်္ကြန်တွင်...

မန္တလေးမြို့ တော် မဟာသင်္ကြန်တွင် ပထမဆုံးအကြိမ် လမ်းလျှောက် သင်္ကြန်ကျင်းပမည်

MDy

၂ဝ၁၇ခုနှစ် မန္တလေးမြို့ တော် မဟာသင်္ကြန်တွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်အဖြစ် မန္တလေး နန်းမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆လမ်း၌ စည်ကားစွာကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများ၊ နိုင်ငံခြား သားခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်များထည့်သွင်းထား ကြောင်း မန္တလေးခရီးသွားလုပ်ငန်း မြှင့်တင်ရေးအဖွဲ့မှ သိရှိရသည်။

အဆိုပါလမ်းလျှောက်သင်္ကြန် ကို မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ ၊ မန္တလေးခရီး သွားလာရေးလုပ်ငန်းမြှင့်တင်ရေး ကော်မတီ၊ မြန်မာနိုင်ငံဟိုတယ်လုပ် ငန်းရှင်များအသင်း(မန္တလေးဇုန်)၊ မြန် မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်)၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ မြန်မာ နိုင်ငံစားသောက်လုပ်ငန်းရှင်များ အသင်း ၊ မြန်မာအမျိုးသမီး စီးပွားရေးနှင့်လူမှုရေးအသင်း(မန္တလေး) စတဲ့ စီးပွားရေး၊ လူမှုရေးအသင်းအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ကျင်းပ ခြင်းဖြစ်ကြောင်းသိရှိရသည်။

” မြန်မာရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲကို ပြန်လည်ဖော်ထုတ်ပြီး ၊ နိုင်ငံခြားသားခရီးသွား များအား ဆွဲဆောင်နိုင်မယ့် လမ်း လျှောက်သင်္ကြန်မှာ ၂၆လမ်း ၊ ၆၇လမ်းနှင့် ၆၉လမ်းကြားလမ်း ၂ပြ ကို ကျွန်တော်တို့အဖွဲ့က တာဝန်ယူထားပြီး ကျန်တဲ့အပိုင်းက မန္တလေး မြို့တော်စည်ပင်သာယာရဲ့ အစီ အစဉ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟိုတယ်အသင်း၊ ခရီးသွားအသင်း၊ ဧည့်လမ်းညွှန်အသင်း၊ စားသောက်ဆိုင်အသင်း၊ ပို့ဆောင် ရေးအသင်းတို့က ပူးပေါင်းပြီးတော့ Tourism ကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်သွားမှာပါ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြား သားတွေကို မြန်မာ့ရိုးရာသင်္ကြန် ကိုသိရှိစေချင်တဲ့ ရည်ရွယ်ချက် လည်းပါတယ်။ နောင်ကိုလည်း နိုင်ငံခြားခရီးသွားတွေ မြန်မာရိုးရာ သင်္ကြန်ကို ပိုပြီးလာချင်စိတ်ရှိအောင် ဖော်ဆောင်သွားမှာပါ။ ရေကစား မဏ္ဍပ်တွေ၊ စတုဒိသာ မဏ္ဍပ်တွေ ဖျော်ဖြေရေးမဏ္ဍပ်တွေ ပါပါမယ်။ စတုဒိသာ မဏ္ဍပ်တွေမှာလည်း နေ့ တိုင်း အကျွေးအမွေးတွေရှိပါတယ်။ ရေကစားမဏ္ဍပ်တွေမှာလည်း ရခိုင်၊ မွန်၊ရှမ်း စတဲ့ တိုင်းရင်းသား မဏ္ဍပ် တွေထည့်သွင်းသွားမှာပါ။ တိုင်းရင်း သားတွေရဲ့ ရိုးရာဓလေ့တွေ၊ စား သောက်တဲ့ ဓလေ့တွေပါထည့်သွား ပါမယ်။ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ မြန်မာရိုးရာယဉ်ကျေးမှုအကအလှ တွေနဲ့ တိုင်းရင်းသားရိုးရာအက အလှတွေပါပါမယ်” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်)ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။

” ကျွန်တော်တို့ အဓိက ရည်ရွယ်တာက မြန်မာ့ရိုးရာသင်္ကြန်မှာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ပိုမို လေ့လာခွင့်ရရှိကာ မြန်မာတိုင်းရင်း သားများနဲ့အတူ ရင်းနှီးစွာ ရေကစား ကြပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့ ၊ တိုင်းရင်းသားအားလုံး ပါဝင် ဆင်နွဲတဲ့ ကိုယ်စားပြုတဲ့ သင်္ကြန်ဖြစ်ဖို့ ရည်ရွယ်ပြီး ဖော်ဆောင်တာပါ။ သင်္ကြန်ချစ်သူ ဝါသနာရှင်များ အတွက်သင်္ကြန်တေးသီချင်းအဆို ပြိုင်ပွဲ ကိုလည်း ကျင်းပပေးသွားပါ မယ်။ သီချင်းပြိုင်ပွဲမှာ အသက်ကန့် သတ်မထားပါဘူး။ အပျော်တမ်း ဝါသနာရှင်တွေပဲ ပြိုင်ရပါမယ်။ သီချင်းပြိုင်ပွဲကို ကျွန်တော်တို့ ခရီးသွားလုပ်ငန်းမြှင့်တင်မှုကော်မတီရဲ့ ဗဟိုမဏ္ဍပ်မှာ သင်္ကြန်အကျနေ့ ကနေပြီး အတက် နေ့အထိ ပြုလုပ် ပါမယ်။ ပထမဆုကို ကျပ်၁ဝသိန်း၊ ဒုတိယဆုကို ကျပ်၇သိန်း၊ တတိယ ဆုကို ကျပ်၃ သိန်းချီးမြှင့်ပါမယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမျိုးရည်က ပြောသည်။

လမ်းလျှောက်သင်္ကြန်တွင် ဖျော်ဖြေရေးအစီအစဉ်များ အဖြစ် ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့များ၊ တိုင်း ရင်းသားယဉ်ကျေးမှုယိမ်းအဖွဲ့များ၊ မန္တလေးမြို့ခံ MODELလေးများ၏ ယိမ်းအဖွဲ့များ၊ အိပ်မက်ဆုံရာမှ တေးသံရှင်များ၊ Melody world မှ တေးသံရှင်များ၊ Myanmar Idol မှ တေးသံရှင်များ၊ မြန်မာမှုတေးသံရှင်များ၊ တိုင်းရင်းသားတေးသံရှင်များ၊လူရွှင်တော်များ၊ ယဉ်ကျေးမှုတက္ကသိုလ်မှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် သင်္ကြန်တေးသီချင်းပြိုင်ပွဲတို့ ပါဝင်ကြောင်း သိရှိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မန္တလေးလမ်းလျှောက်သင်္ကြန် ကျင်းပမည့် ၂၆လမ်းတွင် ရေကစားနိုင်ရန် ရေကစားမဏ္ဍပ်များ နေရာချပေး မည်ဖြစ်ရာ ရေကစားမဏ္ဍပ် ပေ ၃ဝအကျယ်နေရာ ၃၅ နေရာ မဏ္ဍပ်အမြင့် ၃ပေ ၊နောက်ခံအမြင့် ၆ပေ သက်မှတ်ထားပြီး တစ်နေရာ လျှင် အလှူငွေကျပ်၁ဝသိန်း သတ်မှတ်ထားကြောင်း မဏ္ဍပ်မ ဆောက်ဘဲ မိသားစုအစီအစဉ်နဲ့ ရေ ကစားလိုပါက ရေစက်တစ်ခု ကျပ် ၂သိန်းသတ်မှတ်ထားပြီး ရေပိုက် များကို ၂လက်မ အထက်ခွင့်မပြု ကြောင်း ၊ ရေကစားလိုသူများ အနေဖြင့် ဧပြီလ ၆ ရက်နေ့မတိုင်ခင် ရုံးချိန်တွင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ အခွန်ဌာန သို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

သင်္ကြန်ကာလတွင် လူငယ်များ လွတ်လပ်စွာ၊ ပျော်ရွှင်စွာ ရေကစား နိုင်ရန် လူငယ်သင်္ကြန်မဏ္ဍပ်ကို မန္တလေးမြို့ ၆၂လမ်းရှိ မနော်ရမ္မံ ဧရိယာ၌ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စီစဉ်ထားကြောင်း၊ လူငယ်သင်္ကြန်မဏ္ဍပ်တွင် Haven Born Band တေးဂီတအဖွဲ့ နှင့် တေးသံရှင်ဝေလ၊ ထွန်းအိâန္ဒာ ဗိုလ်၊ ဆုန်သင်းပါရ်၊ G Latt ၊ ရှမ်းလေး၊ ဟေဇယ်၊ DJ ချမ်းငြိမ်းတို့ ကဖျော်ဖြေကြမည်ဖြစ်ကြောင်းသိ ရှိရသည်။

ချမ်းသာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071