Tuesday, June 10, 2025

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင်...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...
HomeDhammaမန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သံဃာတော်အပါး...

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သံဃာတော်အပါး ၁ဝ၈ဝ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲနှင့် မဟာသုဝဏ္ဏ ပါသောဒ ရွှေကျောင်းတော်ကြီးအား ရွှေစင်၊ ရွှေပြား၊ ရွှေသင်္ကန်း ဆက်ကပ်ခြင်း ရေစက်ချမင်္ဂလာကို ဧပြီ ၂၂ ရက် နံနက် ၇ နာရီတွင် မဟာမုနိဘုရားရင်ပြင်တော်၊ မိုးကောင်းဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။

”ကျွန်တော်တို့ ဂေါပကလက်ထက် တစ်နှစ်နဲ့ဆယ်လတာကာလအတွင်း အဘက်ဘက်မှတိုးတက်အောင် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းတော်ကြီး အတွင်းပိုင်း၊ မဟာရံတံတိုင်း သုံးထပ် အတွင်း ပိုင်းနဲ့ ၄၅ တာတစ်ခုလုံး အတွင်းပိုင်းဆိုပြီး ပိုင်းခြားဆောင်ရွက်လျက်ရှိပါတယ်။ အခုအချိန်မှာ ရုပ်ရှင်တော် မြတ်ကြီး၊ ပြာသာဒ်တော်ကြီးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖွယ်ရာများကို ပြည့်စုံစွာဆောင်ရွက်နိုင်ခဲ့ပါပြီ။ ရုပ်ရှင် တော်မြတ်ကြီးရဲ့ နဖူးတော်ရောင်တော်ဖွင့်ခြင်း၊ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတော်ကြီး အတွင်းနံရံများပြုပြင်၍၊ ရွှေသင်္ကန်းအသစ်ဆက်ကပ်ခြင်း၊ ပလ္လင်တော်ကြီးကိုလည်း ရွှေသင်္ကန်း ဆက်ကပ်ပြီး စီးခြင်း၊ အတွင်းတော်တွင် ပူဇော်ထားသော မီးလုံးများအစား ဖန်သားမျှင်အလင်းကြိုးဖြင့် ကမ္ဘာ့အဆင့်မီ စနစ်သစ်ဖြင့် ပြောင်းလဲထွန်းညှိပူဇော်ခြင်း၊ ပြာသာဒ်တော်တစ်ခုလုံး ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေ ၂၈ ပိဿာကျော်အသုံးပြု၍ ဆက်ကပ်ပြီးစီးခြင်း၊ ပြာသာဒ်တော်ကြီး အမိုးတစ်ခုလုံး မိုးယိုစိမ့်မှုမဖြစ်အောင် ထပ် ပိုးလွှာအပါးဖြင့် ပြုပြင်ပြီးခြင်း၊ ကျောင်းတော်ကြီးပေါ်ရှိ မီးတိုင် ၃၆ တိုင်ကို ဖယ်ရှား၍၊ ထောင့် လေးထောင့်မှ မီးတိုင်နှင့် မီးလုံး အသစ်များ တပ်ဆင်ပူဇော်ခြင်းစတဲ့ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်။ ဤသို့ ဆောင်ရွယ်ဖွယ်ကိစ္စ္စများ အောင်မြင်ပြီးစီးပြီဖြစ်တာကြောင့် ရုပ်ရှင်တော်မြတ်ကြီးကို သံဃာတော်အပါး ၁ဝ၈ဝ တို့နဲ့ အနေကဇာတင် ပူဇော်မှာဖြစ်ပါတယ်။ လာရောက်ကြည်ညိုကြမယ့် ပရိသတ်အားလုံးကိုလည်း စတုဒိသာနဲ့ ကျွေးမွေးဧည့်ခံမှာဖြစ်ပါတယ်”ဟု မဟာမုနိဘုရားဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

မဟာမုနိရုပ်ရှင်တော်ဘုရား အနေကဇာတင်ပူဇော်ပွဲကို ဧပြီ ၂၂ ရက် နံနက် ၇ နာရီအချိန်တွင် စတင်မည် ဖြစ်ပြီး နံနက် ၈ နာရီ ခွဲ တွင် အဘိဓဇမဟာရဋ္ဌဂုရုနှင့်အဂ္ဂမဟာပဏ္ဏိတဘွဲ့ ဆက်ကပ်ခြင်းခံရ သော မထေရ်ကြီးများနှင့် သြဝါဒါ စရိယ ဆရာတော်ကြီးများအပါအဝင် သံဃာတော်ပေါင်း ၅၂ ပါး ရှေ့ မှောက်တွင် ရေစက်သွန်းချ အမျှအတန်းပေးဝေကြမည်ဖြစ်ကြောင်း သိရှိရသည်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071