မွေးနေ့မှာ စားဝတ်နေရေးခက််ခဲတဲ့သူများအတွက် စားသောက်ကုန်များလှူဒါန်းခဲ့တဲ့ သရုပ်ဆောင်နေတိုး
စက်တင်ဘာလ၉ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင်နေတိုးရဲ့မွေးနေ့အ လှူအဖြစ် တာမွေလေး ရပ်ကွက်က စားဝတ်နေရေး ခက်ခဲတဲ့ ပြည်သူအယောက်၂၀၀စာ အတွက် အခြေခံ စားသောက်ကုန်များကို အလိုတော်ပြည့်ဘုန်းကြီးကျောင်းက လှူဒါန်းပေးခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း မွေးနေ့ကိုအလှူအတန်းတွေ နဲ့ဖြတ်သန်းဖြစ်တဲ့ နေတိုးရဲ့မွေးနေ့အကြောင်းကို အလိုတော်ပြည့်ဆရာတော် အရှင်ကုမာရ ကအခုလိုပဲပြောကြားခဲ့ပါတယ်။
“ ဒီကနေ့စက်တင်ဘာလ ၉ရက်နေ့ကတော့ အကယ်ဒမီ သရုပ်ဆောင်ကိုနေတိုးရဲ့မွေးနေ့ပေါ့နော်။ ဒီနှစ်မွေးနေ့မှာ နေတိုးက ကိုယ်တိုင်လာရောက် မလှူတန်းနိုင်ပေမယ့်လည်း ဆရာတော်တို့က သူ့မွေးနေ့အတွက် လှူဒါန်းထားတဲ့ ငွေတွေကို စားသောက်ကုန်များ ဝယ်ယူပြီး စားဝတ်နေရေး ခက်ခဲတဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ We Love Nay Toe အဖွဲ့တွေ ကလည်း အလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်လှူ ပူဇော်ခဲ့ကြပါတယ်။ နေတိုး ဒီနှစ်မွေးနေ့ကစပြီး ကျန်းမာပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။” လို့ပြောပါတယ်။