Friday, September 18, 2026

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...
HomeInternationalမွေ့ရာထဲ ရောက်လာသည့် AI

မွေ့ရာထဲ ရောက်လာသည့် AI

တရုတ်နိုင်ငံ၊ ဂွမ်ဒုံး စက်မှုဇုန်ရှိ DeRucci ၏ ခေတ်မီ နည်းပညာဆန်းသစ်မှုများကို လေ့လာကြည့်ရှုသည့်အခါ AI သည် လူသားတို့၏ နေ့စဉ် လူနေမှုဘဝ အတွင်းသို့ ခေတ်သစ် အသွင်ကူးပြောင်းမှုအဖြစ် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်လာပြီဖြစ်ကြောင်း ထင်ရှားစွာ မြင်တွေ့ရသည်။

ယခင်က မွေ့ရာဆိုသည်မှာ ရိုးရှင်းသော အနားယူရာ ပရိဘောဂတစ်ခုမျှသာ ဖြစ်သော်လည်း DeRucci ၏ နည်းပညာကြောင့် AI အခြေခံ “စမတ် မွေ့ရာ” အဖြစ် ပြောင်းလဲသွားခဲ့ပါသည်။

ဘဝ၏ အရည်အသွေး ကိုမြှင့်တင်ခြင်းတွင် အိပ်စက်ခြင်း၊ မှန်ကန်သော အာဟာရစားသုံးမှု၊ ထိရောက်သော အားကစားနှင့် လေ့ကျင့်ခန်း တို့ ပါဝင်သည်။

ခန္ဓာကိုယ်၏ အ​လေးချိန် ဖိအား၊ အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့ကို အိပ်စက်နေစဉ်အတွင်း AI Sensor များဖြင့် မပြတ်မလပ် စောင့်ကြည့်ပေးမှုသည် ယခင်က ​ဆေးရုံများတွက်သာ လုပ်​ပေးသည့် sleep test မှသည် လူတို့၏ ​နေ့စဥ်သုံး ပစ္စည်း တစ်ခုအဖြစ် လှမ်းလာ​နေ​ချေပြီ။

အိပ်စက်သူ၏ အိပ်စက်သည့် ပုံစံ၊ ခန္ဓာကိုယ် အနေအထားနှင့် အလေးချိန်တို့အပေါ် မူတည်၍ မွေ့ရာအတွင်းရှိ စိမ့်ဝင်အကူစနစ်များကို AI က အလိုအလျောက် ပုံစံညှိပေးသည်။

အိပ်စက်မှု အရည်အသွေးကို လေ့လာပြီး ကျန်းမာရေးအတွက် သင့်တော်သည့် အကြံပြုချက်များကို ထုတ်ပေးခြင်းဖြင့် AI ကို ကျန်းမာရေးဆိုင်ရာ လက်ထောက်တစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့သည်။

​ကျောက်​​ခေတ်လူသားတို့၏ ​ဂူကြီးများအတွင်း​နေထိုင် အိပ်စက် မှုမှသည် AI ပါဝင်​သော ​မွေ့ယာ နှင့် ဂူကဲ့သို့ ပိတ်ကားမျက်နှာကျက်တွင် မိမိခံစားလိုသည့်​နေရာများကို ဗီဒီယို များဖွင့်ကာ အနံ့သက်ကိုလည်း ​အခန်းတွင်း​ပေးထားခြင်းဖြင့် 4D ဖြင့် အနားယူခြင်းမျိုး ခံစားရနိုင်ပြီဖြစ်သည်။

​မွေ့ယာ ထုတ်သည့်ကုမ္မဏီသည် အိပ်စက်မှုအရည်​သွေးမြင့်​စေမည့် အနံ့၊ခံစားချက်၊ပန်းနှင့်သစ်ဖု ​​ခြောက် လဖက်ရည်၊အထိအ​တွေ့၊ အသံလုံမှု နှင့် စိတ်ဖိစီးမှု​လျော့ချ​ပေးမည့် အသံ ဖန်တီူမှုတို့ကအစ ကျန်းမာ​ရေးနှင့် ညီညွတ်​အောင်ထည့်သွင်းစဥ်းစားလာကြသည်။

စံနမူနာပြ DeRucci စက်ရုံသည် သာမန် ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခု ထက်ကျော်လွန်၍ မိမိတို့၏ စိတ်ကူးရည်မှန်းချက်များကို အနုပညာဆန်ဆန် ပုံဖော်ပြသထားသည့် ထူးခြားသော နမူနာတစ်ခု ဖြစ်ပါသည်။

အားကစားသမားများ၏ အိပ်စက်မှုဆိုင်ရာ ဒေတာများကို AI နည်းပညာဖြင့် စောင့်ကြည့် စိစစ်ပေးကာ ၎င်းတို့၏ ကြွက်သား ပြန်လည် အနားရရှိရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် စမတ်စနစ်များဖြင့် ပံ့ပိုးပေးခြင်းကိုလည်း လုပ်​ဆောင်​ပေးသည်။

အိပ်စက်မှု အရည်အသွေး မြင့်မားစေရန်အတွက် နည်းပညာဆန်းသစ်မှုများကို အစဉ်မပြတ် တီထွင်ဖန်တီးနေသည်။

ကုမ္မဏီ၏ ဆောင်ပုဒ်များမှာ “Sleep well, dream big” (ကောင်းမွန်စွာ အိပ်စက်ပါ၊ အိပ်မက်ကြီးကြီး မက်ပါ) နှင့် “Sleep better tonight” (ဒီနေ့ည ပိုမို ကောင်းမွန်စွာ အိပ်စက်ပါ) ဆိုသည့်အတိုင်း လူသားတို့၏ ညစဉ် အိပ်စက်မှုကို AI နည်းပညာဖြင့် ကာကွယ် စောင့်ရှောက်ပေးနေပါသည်

AI Lifestyle ၏ စစ်မှန်သော အဓိပ္ပာယ်မှာ မမြင်ရသော်လည်း အမြဲပါဝင်နေခြင်းဖြစ်သည်။AI သည် ကျွန်ုပ်တို့ သတိမမူမိဘဲ အသုံးပြုနေသည့် မွေ့ရာကဲ့သို့ အသုံးအဆောင်များထဲတွင် ငြိမ်သက်စွာ ကူညီပေးနေပြီဖြစ် ဖြစ်သည်။

AI သည် လူသားတို့ကို အစားထိုးရန် မဟုတ်ဘဲ၊ ပိုမို အေးချမ်းစွာ အနားယူနိုင်ရန် (Good Sleep) တွင်ပါဖြည့်ဆည်းပေးပြီး​နေပြီဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့ အမေရိကန်ကြိုးပမ်းနေ

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ ၂၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ F-35 Lightning II Joint Strike Fighter(ဘက်စုံသုံး တိုက်လေယာဉ်) တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ​တိုက်လေယာဉ် တစ်စင်းစီအတွက် အမေရိကန်က Pratt & Whitney F135-PW-100 အင်ဂျင်တစ်လုံးစီ တပ်ဆင်ပေးမှာဖြစ်ပြီး အပိုအင်ဂျင်တစ်လုံးစီကိုလည်း ထည့်ပေးမှာပါ။ ဒါ့အပြင် လုံခြုံရေးအဆင့်မြင့်...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့ အိမ်ဖြူတော် စဉ်းစားနေ

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့် ချဉ်းကပ်မှု အသစ်တစ်ရပ်အနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အမေရိကန် အရာရှိတစ်ဦးကတော့ ဒီလို သဘောတူညီချက်တွေ လုပ်တာဟာ ရုရှားနဲ့ ဆက်ဆံရေးကို အသစ်ကနေ ပြန်စဖို့ ဝါရှင်တန်ဘက်က တကယ်ကို လေးလေးနက်နက် ရည်ရွယ်ထားတယ်ဆိုတာကို ပြသနိုင်တယ်လို့ သတင်းစာကို ပြောခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံက...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071