၂၀၂၆ ခုနှစ် မေ ၂၃ ရက်၊ နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်မီးသတ်စခန်းနှင့် (၅)မိုင်ခန့် ကွာဝေးသော၊ မြောင်းမြမြို့၊ တဇင်ကုန်းကြီးကျေးရွာအုပ်စု ၊ရေတွင်းရေကန်ကျေးရွာအနီး မြောင်းမြ-ပြင်ရွာ ကားလမ်းပေါ်သို့ လက်ပံပင် နှင့် သီဟိုဠ်ပင်လဲကျမှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မြောင်းမြမြို့နယ်မီးသတ်စခန်းသို့ တယ်လီဖုန်းဖြင့် သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းအရ မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးစီး သန္ဓေ(၁၀)ဦး၊အရန်(၁၀)ဦးတို့သည် မီးငြှိမ်းသတ်ယာဥ်(၁)စီး ဖြင့်ထွက်ခွာ၍ ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁နာရီ ၃၀အချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများပြီးဆုံးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
