Thursday, July 10, 2025

ကမ္ဘောဒီးယားတွင် ထိုင်းထုတ်ကုန်များ ပြတ်လပ်နေ၍ အခက်ကြုံနေသည့်စားသုံးသူများ

ကမ္ဘောဒီးယား မှ စားသုံးသူများသည် ၎င်းတို့နှစ်သက်ရာထိုင်း အမှတ်တံဆိပ်များကို အစားထိုးသုံးစွဲကြရတော့မည်ဖြစ်သည်။ ယခုအခါ ကမ္ဘောဒီးယားရှိ အရောင်းစင်များပေါ်မှ ထိုင်းထုတ်ကုန်များအစား အခြားနိုင်ငံမှ အမှတ်တံဆိပ်အသစ်များအစားထိုးလာခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော စျေးကွက်အပြောင်းအလဲနှင့်...

ငလျင်ဒဏ်သင့်စက်ရုံ၊ အလုပ်ရုံများ ပြန်တည်ဆောက်ရေးအတွက်ချေးငွေထုတ်ပေးမည်

နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်၍ငလျင်ဒဏ်သင့်ဒေသများရှိ လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက်MSMEs ချေးငွေထုတ်ပေးရန်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက်...

မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ

ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟု​စော​ကြော​လာကြချိန်၊အာဏာပိုင်များ အတွက် စိန်​ခေါ်ခံ​နေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်​နေသူများအား ပြည်သူက အမျိုးသား​ရေးအမြင်ဖြင့် ​​ဒေါက်​ထောက် ကြည့်လာ​နေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို...

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု...
HomeInternationalမြောက်ကိုရီးယား ကာကွယ်ရေးစွမ်းရန် ၂၀၂၃...

မြောက်ကိုရီးယား ကာကွယ်ရေးစွမ်းရန် ၂၀၂၃ တွင် ပိုမိုအားကောင်းအောင်လုပ်မည်ဟုဆို

မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်ရှိ ရန်စသည့်အခြေအနေများကို ထည့်သွင်းစဉ်းစားကာ ၂၀၂၃ ခုနှစ်တွင် ၎င်း၏ကာကွယ်ရေးစွမ်းရည်များကို ပိုမိုအားကောင်းအောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုပ်သမားများဗဟိုကော်မတီ၏ ဒုတိယနေ့အစည်းအဝေး ဒုတိယနေ့တွင် အစီရင်ခံပြောကြားခဲ့သည်။ အဆိုပါ ဦးတည်ချက်အတွက် အဓိကပန်းတိုင်များကို အလေးပေးဖောဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း Voice of Korea ရေဒီယိုမှ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်သွားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ အစီရင်ခံစာသည် ကိုရီးယားကျွန်းဆွယ်ရှိ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာကာ “နိုင်ငံတကာ နိုင်ငံရေးအခြေအနေ” နှင့် “ရန်ဘက်များကို တန်ပြန်ရန်” အတွက် နိုင်ငံခြားရေးမူဝါဒနှင့် လမ်းညွှန်ချက်များကို တင်ပြထားကြောင်း Voice of Korea က ဆိုသည်။ ဘက်စုံပြောင်းလဲနေသော အခြေအနေများကို တုံ့ပြန်ရန်အတွက် ၎င်း၏အဓိကရည်မှန်းချက်အဖြစ် ၂၀၂၃ ခုနှစ်တွင် တိုင်းပြည်၏ကာကွယ်ရေးစွမ်းရည်များ ယခုထက် ပိုမိုအားကောင်းလာစေရန်လည်း ချမှတ်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့အပြင် မြောက်ကိုရီးယား၏ ယေဘုယျ အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီဝင်များနှင့် အခြားခေါင်းဆောင်များအနေဖြင့် ချမှတ်ထားသော အလုပ်များကို ပြီးမြောက်စေရန်အတွက် “ချဉ်းကပ်ပုံနှင့် အလုပ်ပုံစံကို အခြေခံကျကျ ပြောင်းလဲရမည်” ဟုလည်း ကင်ဂျုံအန်းက ၎င်း၏ အစီရင်ခံစာတွင် မှတ်ချက်ပြုခဲ့သည်။ ဗဟိုကော်မတီ စုံညီအစည်းအဝေးသည် ရက်အတော်ကြာ ကြာမြင့်မည်ဟု မျှော်လင့်ရသည်။

အစီရင်ခံစာ၏ အခြားသော အသးစိတ်အချက်အလက်များနှင့် နိုင်ငံ့ခေါင်းဆောင်ပိုင်းမှ ချမှတ်ထားသော ကာကွယ်ရေးဆိုင်ရာ တိကျသောပန်းတိုင်များကိုမူ Voice of Korea က ထုတ်လွှင့်ခြင်းမပြုသေးချေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင် ထိုင်းထုတ်ကုန်များ ပြတ်လပ်နေ၍ အခက်ကြုံနေသည့်စားသုံးသူများ

ကမ္ဘောဒီးယား မှ စားသုံးသူများသည် ၎င်းတို့နှစ်သက်ရာထိုင်း အမှတ်တံဆိပ်များကို အစားထိုးသုံးစွဲကြရတော့မည်ဖြစ်သည်။ ယခုအခါ ကမ္ဘောဒီးယားရှိ အရောင်းစင်များပေါ်မှ ထိုင်းထုတ်ကုန်များအစား အခြားနိုင်ငံမှ အမှတ်တံဆိပ်အသစ်များအစားထိုးလာခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော စျေးကွက်အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်နေကြရသည်။ ကမ္ဘောဒီးယား လက်လီဖောက်သည်များအပေါ်တွင် သိသိသာသာ လွှမ်းမိုးမှုရှိခဲ့သော ထိုင်းထုတ်ကုန်များသည်နှစ်နိုင်ငံနယ်စပ်တင်းမာမှုများကြောင့် ထိုင်းနိုင်ငံမှတင်သွင်းမှုများကို ပိတ်ပင်ထားသည်။ စျေးကွက်စစ်တမ်းအမျိုးမျိုးအရ Dutch Mill ကဲ့သို့သောနို့ထွက်ပစ္စည်းသည် ကမ္ဘောဒီးယား စျေးကွက်တွင် ၃၀ရာခိုင်နှုန်းကျော်ဝေစုရှိပြီး ၄င်းကိုမည်သည့်အမှတ်တံဆိပ်က အစားထိုးနိုင်မည်လဲက စိတ်ဝင်စားစရာပင်။ Ref: khmertimeskh

ငလျင်ဒဏ်သင့်စက်ရုံ၊ အလုပ်ရုံများ ပြန်တည်ဆောက်ရေးအတွက်ချေးငွေထုတ်ပေးမည်

နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်၍ငလျင်ဒဏ်သင့်ဒေသများရှိ လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက်MSMEs ချေးငွေထုတ်ပေးရန်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် ဗဟိုဘဏ်အနေဖြင့် MSMEs လုပ်ငန်းများအတွက် ဘဏ်များမှ ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အဆင်ပြေချောမွေ့စေရန် e-payment အားကောင်းလာစေရေးတို့အတွက် ကူညီပံ့ပိုးပေးလျက်ရှိသည်။ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအား‌ပေးဆောင်ရွက်ရာတွင် ဘဏ်လုပ်ငန်းကဏ္ဍသည် Financing ပေးရာ၌ အဓိကပံ့ပိုးပေးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး ပါဝင်ဆောင်ရွက်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ (Participating Financial Institutions - PFIs) ဖြစ်သော...

မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ

ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟု​စော​ကြော​လာကြချိန်၊အာဏာပိုင်များ အတွက် စိန်​ခေါ်ခံ​နေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်​နေသူများအား ပြည်သူက အမျိုးသား​ရေးအမြင်ဖြင့် ​​ဒေါက်​ထောက် ကြည့်လာ​နေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ် (၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၂ ရက်နေ့လည် ၃ နာရီက ကျောက်ဆည်နှင့်မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မိုင်းရယ်ဘက်မှ မန္တလေးဘက်သို့ သန်းအောင်စိုး(ခ)မျောက်ကြီးမောင်းကာ ဝိုင်ခန့် လိုက်လာသည့် NISSAN DIESEL (၆)ဘီးကားကို ရှာဖွေစစ်ဆေးရာမှ ဘိန်းဖြူ(၁၄၈ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071