Thursday, August 6, 2026

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...
HomeInternationalမြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို...

မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပ-စ်ခတ်

မြောက်ကိုရီးယားသည် ၎င်း၏ တာလတ်ပစ် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည် အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က အင်္ဂါနေ့တွင် ရေးသားဖော်ပြခဲ့သည်။

“ပြုံယမ်းမြို့ဆင်ခြေဖုံးရှိ ဒုံးကျည်ပစ်လွှတ်သည့်နေရာမှ အရှေ့မြောက်ဘက်သို့ အသံထက်မြန်သော ဒုံးကျည်သည် စီစဉ်ထားသည့်အတိုင်း ပျံသန်းနိုင်ခဲ့သည်။ အသံ၏ အမြန်နှုန်း၏ ဆယ့်နှစ်ဆ မြန်နှုန်းဖြင့် ပျံသန်းခဲ့ပြီး ပင်လယ်ပြင်ရှိ ပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့သည်” ဟု KCNAက ရေးသား ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် နိုင်ငံ၏ နောက်ဆုံးပေါ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း အေဂျင်စီ၏ အဆိုအရ သိရသည်။

အောင်မြင်သော စမ်းသပ်ပစ်လွှတ်မှုအပြီးတွင် ကင်ဂျုံအွန်း၏ ပြောကြားချက်ကို ကိုးကား၍ KCNA မှ ပြောကြားရာတွင် “ရန်လိုသော လုံခြုံရေး ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် ရန်လိုသော လုံခြုံရေး ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့သည် အစွမ်းထက်သော အမျိုးအစားသစ် လက်နက်စနစ်သစ်ကို တက်ကြွစွာ တီထွင်နေသည်ကို သံသယကင်းစွာပင် တွေ့မြင်နိုင်ပါလိမ့်မည်”

“ဒါဟာ ထိုးစစ်ဆင်ဖို့ လုပ်ဆောင်ချက် မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတစ်ခုပါပဲ” ဟု အလေးပေးပြောကြားခဲ့ပြီး ယခုဒုံးကျည်သည် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းရန်ကာကွယ်ရေးစနစ်မှန်သမျှကို ထိုးဖောက်နိုင်စွမ်းရှိကြောင်း မြောက်ကိုးရီးယားခေါင်းဆောင်က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ နောက်ဆုံးပေါ် တာလတ်ပစ် ဟိုက်ပါဆိုနစ် ဒုံးပျံစနစ်၏ စွမ်းဆောင်ရည်ကို ကမ္ဘာတစ်ဝှမ်းလုံး လျစ်လျူရှု၍မရပါ၊ ၎င်းစနစ်သည် ပြင်းထန်သော ခံစစ်အတားအဆီးများကို ထိထိရောက်ရောက် ချိုးဖျက်နိုင်ပြီး၊ ပြိုင်ဘက်၏ ပြင်းထန်သော စစ်ရေးတိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်သည်” ဟုလည်း သူက ပြောကြားခဲ့သည်။

“ကာဗွန်ဖိုက်ဘာဒြပ်ပေါင်းအသစ်ကို အမျိုးအစားသစ် အသံထက်မြန်တဲ့ ဒုံးကျည်ရဲ့ အင်ဂျင်ကိုယ်ထည်ကို ထုတ်လုပ်ရာမှာ အသုံးပြုခဲ့ပြီး ပျံသန်းမှုနဲ့ လမ်းညွှန်ထိန်းချုပ်မှုစနစ်မှာ လည်း ထိရောက်တဲ့ နည်းလမ်းသစ်ကို အသုံးပြုခဲ့ပါတယ်” ဟု ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆) ရွာ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့အထိ စာရင်းများအရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ၆ ရွာနှင့် ကျုံပျော်မြို့နယ်မှ ၂ ရွာ၊ စုစုပေါင်း...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စန၀်တွင် ဆန်စပါးသိုလှောင်ရုံ ၅,၇၉၂ လုံး မှတ်ပုံတင်ထား

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်ကို စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ သိုလှောင်ရုံအကျယ်အဝန်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071