ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များကို စုပေါင်း၍ ခရိုင်များအဖြစ် ပြောင်းလဲသတ်မှတ်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးအချို့၏ ပြောပြချက်အရ သိရသည်။
ကျောက်တံတား မြို့နယ် ၊ ပန်းဘဲတန်း မြို့နယ်၊ လသာ မြို့နယ် ၊ လမ်းမတော် မြို့နယ်၊ ဒဂုံ မြို့နယ် (၅) မြို့နယ်ပေါင်း၍ ကျောက်တံတား ခရိုင်ဟုပြောင်းလဲထားပြီး အလုံမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်၊ စမ်းချောင်း မြို့နယ် (၃) မြို့နယ် ပေါင်း၍ အလုံခရိုင်ဟုပြောင်းလဲသတ်မှတ်ထားသည်။
ထို့ပြင် မရမ်းကုန်းမြို့နယ် ၊ လှိုင် မြို့နယ်၊ မြောက်ဥက္ကလာ မြို့နယ် (၃) မြို့နယ် ပေါင်း၍ မရမ်းကုန်း ခရိုင်ဟုသတ်မှတ်ထားပြီး၊ ကမာရွတ် မြို့နယ်၊ ဗဟန်း မြို့နယ် (၂) မြို့နယ် ပေါင်း၍ ကမာရွတ် ခရိုင်ဟု ပြောင်းလဲထားကြောင်း သိရသည်။
သင်္ဃန်းကျွန်း မြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ရန်ကင်း မြို့နယ်၊တာမွေ မြို့နယ်၊ (၄)မြို့နယ် ပေါင်း၍ သင်္ဃန်းကျွန်း ခရိုင် ဟုပြောင်းလဲထားပြီး ဗိုလ်တစ်ထောင် မြို့နယ်၊ ဒေါပုံ မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ သာကေတ မြို့နယ် (၅) မြို့နယ် ပေါင်း၍ ဗိုလ်တစ်ထောင် ခရိုင်ဟု ပြောင်းလဲထားကြောင်း သိရသည်။
ထို့ပြင် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်၊ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် (၄) မြို့နယ် ပေါင်း၍ ဒဂုံမြို့သစ် ခရိုင်၊ သန်လျှင် မြို့နယ်၊ ကျောက်တန်း မြို့နယ်၊ သုံးခွ မြို့နယ်၊ ခရမ်း မြို့နယ်၊ ကိုကိုးကျွန်း မြို့နယ် (၅) မြို့နယ် ပေါင်း၍ သန်လျှင် ခရိုင် ဟုပြောင်းထားသည်။
တွံတေး မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဒလ မြို့နယ်၊ ကော့မှူး မြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ် (၅) မြို့နယ်ပေါင်း၍ တွံတေး ခရိုင်ဟုပြောင်းထားပြီး အင်းစိန် မြို့နယ်၊ လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်၊ လှိုင်သာယာ အနောက်ပိုင်း မြို့နယ် (၃) မြို့နယ် ပေါင်း၍ အင်းစိန် ခရိုင်ဟု ပြောင်းထားကြောင်း သိရသည်။
မင်္ဂလာဒုံ မြို့နယ်၊ ရွှေပြည်သာ မြို့နယ် (၂)မြို့နယ် ပေါင်း၍ မင်္ဂလာဒုံ ခရိုင်၊ မှော်ဘီ မြို့နယ်၊ ထန်းတပင် မြို့နယ်(၂) မြို့နယ် ပေါင်း၍ မှော်ဘီ ခရိုင်၊ လှည်းကူး မြို့နယ် အား လှည်းကူး ခရိုင်၊ တိုက်ကြီး မြို့နယ်အား တိုက်ကြီး ခရိုင်ဟုပြောင်းလဲထားကြောင်း သိရသည်။