Thursday, May 22, 2025

တစ်ကမ္ဘာလုံးကိုစွမ်းအင်‌တင်ပို့သောနိုင်ငံဖြစ်လာရန်ဂျကာတာရည်မှန်း

ဂျကာတာ၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို က ၎င်း၏နိုင်ငံတွင် ကြီးမားကျယ်ပြန့်၍ အသုံးမပြု၊မဖော်ထုတ်ရသေးသော စွမ်းအင်အရင်းအမြစ်အရန်သိုလှောင်ထားမှုနှင့် အမြဲမပြတ်ပြန်လည် ဖြည့်တင်း နိုင်စွမ်းတို့ကြောင့်...

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန်...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင်...

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့်...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင်...
HomeNewsLocal Newsမြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်၌ အဝေးပြေးခရီးသည်တင်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်၌ အဝေးပြေးခရီးသည်တင်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီး ဇန်နဝါရီ ၁၁ ရက်(ယနေ့)နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ညပိုင်းကလက်နက်ကိုင်အဖွဲ့ဝင်များသည် အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီးအား ဆိတ်ဖူးတောင်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ဖြစ်သွားတာကတော့ဟုတ်တယ် ထိခိုက်ဒဏ်ရာရတဲ့လူစာရင်းကတော့ ကျွန်တော်တို့လည်းမသိဘူးဗျ နီးစပ်တဲ့လူမှုကူညီရေးအသင်းတွေကသွားပြီးကူညီပေးကြတယ်လို့သိထားပါတယ်”ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အဝေးပြေးခရီးသည်တင်ကား၏ ဘေးလေကာမှန်အချို့ပျက်စီး ဆုံးရှုံးခဲ့ပြီး ကား၏အချို့နေရာများတွင်လည်း မိုင်းစထိမှန်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက် သတင်းအရဆိုရင် မိုင်းဆွဲခံရတဲ့ကားက ရွှေလရောင် ခရီးသည်တင်ကားလိုင်းကပါ ကားကမောင်းလို့တော့ရတယ် ကြားရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း၌ပင် အဝေးပြေးခရီးသည်တင်(Express)ကားအား မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် အာရှလမ်းမကြီး၏ လမ်းပိုင်းတစ်နေရာ၏ လမ်းလယ်အား မိုင်းထောင်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“လမ်းပိတ်တာတော့မရှိပါဘူး ပျက်စီးသွားတဲ့လမ်းပိုင်းနေရာကို ဘေးကနေရှောင်ကွင်းပြီးသွားရတာပေါ့ လမ်းပျက်စီးတာက အတော်ကြီးတယ် အမြန်ပြင်ဆင်မယ်လို့တော့ သိထားတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ အာရှလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ပွားမှုများနှင့်တောနော်ရေတံခွန်အနီးရှိ ချောင်းကူးတံတားမိုင်းထောင်ဖောက်ခွဲခံရသဖြင့် ပျက်စီးမှုအားပြန်လည်ပြင်ဆင်နေ၍ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားရာမှ ပြန်လည်ဖြတ်သန်းခွင့်ပြုသည်မှာ ရက်ပိုင်းမျှသာရှိသေးကြောင်း သိရသည်။

Photo _CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ကမ္ဘာလုံးကိုစွမ်းအင်‌တင်ပို့သောနိုင်ငံဖြစ်လာရန်ဂျကာတာရည်မှန်း

ဂျကာတာ၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို က ၎င်း၏နိုင်ငံတွင် ကြီးမားကျယ်ပြန့်၍ အသုံးမပြု၊မဖော်ထုတ်ရသေးသော စွမ်းအင်အရင်းအမြစ်အရန်သိုလှောင်ထားမှုနှင့် အမြဲမပြတ်ပြန်လည် ဖြည့်တင်း နိုင်စွမ်းတို့ကြောင့် ၎င်းတို့နိုင်ငံသည် ကမ္ဘာကြီးအတွက် အဓိက စွမ်းအင်ထောက်ပံ့ ဖြည့်တင်း ပေးသွင်းသူ ဖြစ်လာရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် တန်ဂဲရန်မြို့ ၌ ကျင်းပခဲ့ သော ၄၉ ကြိမ်မြောက် အင်ဒိုနီးရှားရေနံအသင်းကွန်ဗင်းရှင်းနှင့် ပြပွဲဖွင့်ပွဲတွင် ပရာဘိုဝို က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အင်ဒိုနီးရှားရဲ့ မဟာဗျူဟာမြောက် ရပ်တည်ချက်သည် အရေးကြီးဆုံးဖြစ်ကြောင်း...

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန် အမေရိက,က ကတိပြုထားသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များနှင့် ပတ်သက်၍ မလေးရှားနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်များ စတင်ဆွေးနွေးမှုများ မလုပ်မီရက်သတ္တတစ်ပတ်ခန့်ဖြစ်သော ဧပြီလ လယ်က မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ်က ချီးကျူးခဲ့ကာ သဘောတူညီချက် ၃၁ ခုကို...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံး

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ပြောကြားခဲ့သည်။ “ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အဓိပ္ပာယ်မဲ့စွာ ‌ေ-သဆုံးခဲ့ပါတယ်” ဟု Noem က X တွင် ရေးသားခဲ့သည်။ “ကျွန်ုပ်တို့ တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး အခုထက် ပိုမိုသိရှိရအောင် ကြိုးစားနေပါတယ်” ဟု သူမက ဆိုသည်။ ပ-စ်ခတ်မှုမှာ ‌ေ-သနတ်သမားတစ်ဦးတည်းက ကျူးလွန်ခဲ့သည်ဟု ယူဆရပြီး ၎င်းအား ဖမ်းဆီးထားပြီဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071