ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ပြည်သူ့ဆေးရုံ (၂၄)နာရီ မီးလင်းရေးအတွက် Solar Pannel များတပ်ဆင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု ဒေသအခြေစိုက် မြဝတီဖောင်ဒေးရှင်းထံမှ သိရသည်။
Solar Pannel များတပ်ဆင်ရန် သံဖရိန်များကို ယမန်နေ့ ဖေဖော်ဝါရီ(၂၈)ရက်၌ တပ်ဆင်လုပ်ဆောင်လျှက်ရှိပြီး ဆိုလာ 240 ချပ် ၊ Inverter 50.kw*2၊ Deye H voltage Battery 2 sets 120.kwကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့တပ်ဆင်ပြီးပါက မြဝတီပြည်သူ့ဆေးရုံရှိ ကျန်းမာရေးသုံးစက်ကိရိယာများ အားလုံး(၂၄)နာရီ လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ဆေးရုံဝန်းကျင် လမ်းမီးများထွန်းနိုင်ရန်လည်းစီစဉ်ထားရှိကြောင်း သိရသည်။
ကျားဖြန့်ကိစ္စရပ်များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက လျှပ်စစ် မီးဖြတ်တောက်လိုက်သည့်အတွက် မြဝတီမြို့ ပြည်သူဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေသည့်အပေါ် ယင်းသို့ ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်သည်။
မြဝတီပြည်သူ့ဆေးရုံ ဆိုလာလျှပ်စစ်မီးတပ်ဆင်ခြင်းအတွက် မြဝတီမြို့နေ ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာလှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး မြဝတီဖောင်ဒေးရှင်းက ဦးစီးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
