နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးအတွင်းဝန် Mr. Rajesh Kumar Singh တို့ ယနေ့ စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးများကောင်းမွန်လျက်ရှိမှု၊ အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား သင်တန်းများဖွင့်လှစ်သင်ကြားပေးနေမှုနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ကောင်းမွန်သည့်သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
