Wednesday, August 19, 2026

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား...

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌...

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့...

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှမြန်မာလုပ်သားများအနေဖြင့် True Money Wallet ကိုအသုံးပြုပြီးမြန်မာနိုင်ငံမှ မိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာငွေလွှဲနိုင်ပြီ ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။...
HomeMoviesမြန်မာ-အိန္ဒိယနှစ်နိုင်ငံအကျိုးကိုတိုးမြှင့်စွမ်းဆောင်ရန်အကောင်းဆုံးအနေအထားတွင်ရှိနေဟု FICCI အတွင်း...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကျိုးကိုတိုးမြှင့်စွမ်းဆောင်ရန်အကောင်းဆုံးအနေအထားတွင်ရှိနေဟု FICCI အတွင်း ရေးမှူးချုပ်နှင့် CII မှ Senior Advisor တို့ပြော

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကျိုးကိုတိုးမြှင့်စွမ်းဆောင်ရန်အကောင်းဆုံးအနေအထားတွင်ရှိနေသည်ဟု အိန္ဒိယနိုင်ငံ ကုန်သည်များနှင့် စက်မှုအသင်းချုပ် (FICCI)အတွင်းရေးမှူးချုပ်နှင့် အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲချုပ်(CII) မှ Senior Advisor တိုက ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြိုရှိ Taj Mahal ဟို တယ်၌ကျင်းပပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်သည့် မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်း နှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားခဲ့ကြသည်။

FICCI အတွင်းရေးမှူးချုပ်နှင့် CIIမှ Senior Advisor တို့က မြန်မာ-အိန္ဒိယနှစ်နိုင်ငံသည် လွန်စွာအလားအလာကောင်းသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးကိုတိုးမြှင့်စွမ်းဆောင်ရန် အကောင်းဆုံးအနေအထားတွင်ရှိနေသည်ဟု ဆွေး နွေးပြောကြားသည်။

နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်လျက်ရှိ၍ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင် ရွက်မှု၊ စွမ်းရည်မြှင့်တင်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးချဲ့လာနိုင်သည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှစ်စဉ်တိုးတက်လျက်ရှိရာ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် အခွင့်အ လမ်းများစွာရှိနေသည်ဟုလည်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့အတူ ယနေ့တွေ့ဆုံဆွေးနွေးမှုသည် မဟာဗျူဟာ ရည်ရွယ်ချက်များကို လက်တွေ့ကျသောရလဒ်များအ ဖြစ်ဆောင်ရွက်နိုင်သည့်နည်းလမ်းများဖြစ်သည်ကိုတွေ့ရကာ ယနေ့တွေ့ဆုံမှုမှတစ်ဆင့် ပိုမိုခိုင်မာသော စီးပွားရေးချိတ်ဆက်မှုများ၊ လက်တွေ့ကျသောရလဒ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမည်ကိုယုံကြည်သည်ဟုလည်း ဆွေးနွေးပြောကြားခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုထားပါတယ်။ နန်းတော်ရေးရာဝန်ကြီး Kuy Sophal နဲ့ အမျိုးသားနဲ့ နိုင်ငံတကာ ပွဲတော်များ ကျင်းပရေး ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး Chin Ketna တို့ဟာ ဦးမင်းအောင်လှိုင်ကို ကြိုဆိုဖို့အတွက် ပြင်ဆင်ထားတဲ့ နေရာတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြု

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ သွားရောက်၍ လွမ်းသူပန်းခွေချကာ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြုသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးက လွမ်းသူပန်းခွေကို ဦးဆောင်သယ်ဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချကာ ကျဆုံးခဲ့ကြသည့် သူရဲကောင်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071